ကျောက်တစ်လုံးဂူဘုရား

Listing Description

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ကောဇာသက္ကရာဇ် ၈၉၈ ခုနှစ်တွင် မြောက်ဦးခေတ် မင်းဗာဘုရင်မင်းမြတ်သည် နန်းတက်အထိမ်းအမှတ် ဂူဘုရားကိုးဆူ တည်ထားကိုးကွယ်ရာ ကျောက်တစ်လုံးဂူဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ကြီးမားသော ကျောက်ဆောင်တစ်ခုလုံးကို လိုဏ်ပတ်လမ်းများဖြင့် ဂူများထွင်းကာ ဘုရားရုပ်ပွားတော်များ တည်ထားပါသည်။ လောင်းတစ်ပေါက်တောင်၏ တောင်နှာမောင်း၌ အလျား ပေ ၄၀၀ ကျော်၊ အမြင့် ပေ ၂၀ ခန့်တွင် ဂူပေါက် ၅၄ ပေါက်၌ ဗုဒ္ဓဆင်းတုတော် ၁၉၂ ဆူခန့် ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ လိုဏ်ဂူအတွင်း ပန်းဆိုင်းများ၊ ဘီလူးရုပ်များ၊ နတ်ရုပ်များ စသည်ဖြင့် ရှေးရခိုင်လူမျိုးတို့၏ ဗိသုကာပညာနှင့် ကျောက်ဆစ်အတတ်ပညာတို့ကို တွေ့မြင်လေ့လာနိုင်ပါသည်။ ကျောက်တစ်လုံးဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။

မင်းဗာဘုရင်မင်းမြတ် နန်းတတ်အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သောဂူကိုးဂူ -

- ကျောက်တစ်လုံးဂူ

- နတ်တောင်ပြင်ဂူ

- တောင်ညိုဂူ

- ကြိမ်ခွေမော်ဂူ

- ဂူဝဂူ

- ဇီးကိုင်းဂူ

- ကူတောင်ဂူ

- နိုင်ငံတောင်ဂူ

- ပိုးရွှီပြင်ဂူတို့ ဖြစ်သည်။