"အင်္ဂပူ"

အင်္ဂပူမြို့နယ်သည် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၁ စု၊ ကျေးရွာပေါင်း ၆၃၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၂၁၈၂၄၂ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၆၂၈.၂၀ စတုရန်းမိုင်ရှိပါသည်။ အင်္ဂပူမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညို မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ် နှင့် မြောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တို့နှင့်နယ်နိမိတ်ထိ စပ်လျက်ရှိ ပါသည်။

အင်္ဂပူမြို့နယ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အခြားဒေသများနှင့် ကွဲပြားခြားနားပါသည်။ အင်္ဂပူမြို့နယ်၏ အနောက်ဘက်တွင် ရခိုင်ရိုးမတောင်တန်းတည်ရှိပြီး ရခိုင်ရိုးမနှင့် ဆက်စပ်လျက်ရှိပါသည်။ အနောက်ဘက်မှ အရှေ့ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး အရှေ့ဘက်ရှိ ဧရာဝတီမြစ်အထိ ဖြစ်ပါသည်။ အင်္ဂပူမြို့နယ်၏ ဧရိယာ (၄)ပုံ (၃)ပုံမှာ မြေပြန့်လွင်ပြင် များဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်းတို့ ပါဝင်ပါသည်။ မြစ်ချောင်းများ ပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် အရှေ့မှ အနောက်သို့ စီးဆင်းလျက် ရှိပါသည်။ အင်္ဂပူမြို့နယ်အတွင်း နန်ကသူချောင်း၊ သဲဖြူချောင်း၊ ကညင်ချောင်းနှင့် မမြချောင်းတို့ရှိပါသည်။ နန်ကသူချောင်းသည် အနောက်ဘက်မှ အရှေ့ဘက်သို့ ခြောက်ရွာကျေးရွာအုပ်စုအနီးမှဖြတ်၍ င၀န်မြစ် အတွင်းသို့လည်းကောင်း၊ သဲဖြူချောင်းသည် အနောက်မှ အရှေ့သို့ ကလိုစိန်ကုမ္ပဏီကိုဖြတ်၍ ငဝန်မြစ်အတွင်းသို့လည်းကောင်း၊ ကညင်ချောင်းသည် အနောက်မှအရှေ့ဘက်သို့ ကံဘက်ကျေးရွာအုပ်စု အနီးမှဖြတ်၍ ငဝန်မြစ်အတွင်းသို့လည်းကောင်း ၊မမြချောင်းသည် အနောက်မှ အရှေ့ဘက်သို့  နောက်မီးကျေးရွာအုပ်စုကိုဖြတ်၍ ငဝန်မြစ်အတွင်းသို့ လည်းကောင်း စီးဝင်လျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

အင်္ဂပူမြို့သည် အင်္ဂပူမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်ပါသည်။ အင်္ဂပူမြို့ သည် ရှေးယခင်က အင်္ဂပူရ၊ အုတ်ဖို၊ အင်္ဂပူဟူ၍ အမည်(၃)မျိုးရှိခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၂၃၇ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥက္ကလာပမင်းကြီး ၏ သမီးတော်မိဖုရား ဥမ္မာဒန္တီတို့ ပုသိမ် (၃၂)မြို့ကို တည်ထောင်စဉ်က အင်္ဂပူရမြို့ အမည်ဖြင့် တစ်မြို့ အပါအဝင် ဖြစ်ခဲ့ပါသည်။ သမုဒ္ဒဃော သမင်းကြီး၏ သားတော် အင်္ဂပူရမြို့ အမည်ဖြင့် တစ်မြို့အပါအဝင် ဖြစ်ခဲ့ပါသည်။ သမုဒ္ဒဃောသမင်းကြီး၏ သားတော်အင်္ဂပိုရ်မင်းသားကို အပိုင်စားပေးအုပ်ချုပ်စေခဲ့ရာမှ မင်းသား၏ အမည်ကိုအစွဲပြု၍ အင်္ဂပူရမြို့ဟု အမည်တွင်ခဲ့ ပါသည်။  အင်္ဂပိုရ်မင်း၏ နောက်တွင် သီဟဗိုလ်မင်း၊ မဟာသီဟ ဗိုလ်မင်း၊ စိတ္တဗိုလ်မင်း၊ သီဟစိတ္တဗိုလ်မင်းတို့ သားစဉ်မြေးဆက် အုပ်ချုပ်ခဲ့သည်။ ကုန်းဘောင် မင်းဆက်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးက အင်္ဂပူရ တိုက်နယ်ဟူ၍ အဆင့်ဆင့်တိုးမြှင့်ဖွဲ့စည်းကာ စိတ္တဗိုလ်မင်းအား တိုက်သူကြီး ရာထူး အပ်နှင်း ခဲ့သည်။ စိတ္တဗိုလ်မင်းလက်ထက် ၁၁၁၉ ခုနှစ်တွင် အင်္ဂပူရ မြို့ရှိ ရွှေဆံတော် စေတီကို ထပ်မံပြုပြင်ရန်အတွက် အုဂ်ဖိုမြို့ဟု ခေါ်တွင်ခဲ့ သည်။ သီဟစိတ္တ ဗိုလ် မင်းနောင်တွင် သားတော် ဦးစံမင်း အုပ်ချုပ်ခဲ့သည်။ ၁၂၆၉ခုနှစ် အင်္ဂလိပ်လက်ထက်တွင် ဦးစံမင်း၏သား ဦးမောင်မောင်စိန်အား မြို့အုပ် ခန့်၍ ညီဦးမောင်မောင်အံ့အား မြို့သူကြီးခန့်အပ်၍ အုပ်ချုပ်ခဲ့ သည်။ အင်္ဂလိပ်လက်ထက် ၁၂၆၉ ခုနှစ် မြို့သူကြီး ဦးစံမင်းအုပ်ချုပ်စဉ် လက်ပံတန်း-ပြည်မီးရထားလမ်းပေါ်ရှိ အုတ်ဖိုမြို့နှင့် အမည်ကွဲလွဲစေရန် အင်္ဂပူရအမည်ကို ဖျောက် အင်္ဂပူမြို့ဟု ခေါ်တွင်သည်။ အင်္ဂပူမြို့နယ်ကို မြို့ပိုင်ဦးမောင်တင် စတင်အုပ်ချုပ်ခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ (၂၄-၆-၇၂) ရက်စွဲပါ စာအမှတ်၊ ၁၀၃/၂/ စိတ်(၁)ဖြင့် အင်္ဂပူမြို့ကို ရပ်ကွက်(၃)ခု ပါ၀င်သော မြို့အဖြစ်လည်းကောင်း၊ (၃၀-၁၂- ၇၂) ရက်စွဲပါစာအမှတ် ၊ ၃ /၃၈/ အထ ( ၂ )ဖြင့် ကျေးရွာအုပ်စုများကို အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး( ၁-၁၁-၂၀၁၃ ) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၉၇/၂၀၁၃ ဖြင့် ထူးကြီးမြို့အဖြစ် လည်းကောင်း ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၃-၅-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၊ ၆၇၇ / ၂၀၁၇ ဖြင့် မဲဇလီကုန်းမြို့ အဖြစ်လည်းကောင်း အဆင့်သတ်မှတ်၍ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပါသည်။

Attractions in အင်္ဂပူ