"ရေဖြူ"

ရေဖြူမြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၄ စု၊ ကျေးရွာပေါင်း ၁၄၀ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၂၃၅၅၉ ကျော်နေထိုင်ပါသည်။ မြို့နယ် ဧရိယာအကျယ်အဝန်းမှာ ၁၅၈၅.၄ စတုရန်းမိုင်ရှိပါသည်။ ရေဖြူမြို့နယ်၏ အရှေ့ဘက်တွင်ထားဝယ်မြို့နယ် နှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်၊ မြောက်ဘက်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ ရေဖြူမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်ပိုင်းတွင် တောင်ကုန်းတောင်တန်းများ ပေါများပြီး အနောက်ဘက်နှင့် တောင်ဘက်တွင် မြေပြန့် ဖြစ်ပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှား သောမြစ်မှာထားဝယ်မြစ်ဖြစ်ပြီးမြောက်မှတောင်သို့စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

ရှေးအခါကသာဂရမြို့ (လောင်းလုံးမြို့နယ်၊ မြို့ဟောင်းရွာ) မှ မြောက်ဘက် ၁၄ မိုင်ခန့် ကွာဝေးသောနေရာ၌ စိမ်းလန်းစိုပြေကျက်သရေနှင့် ပြည့်စုံလှသောတော သာယာခေါ်တောကြီးတစ်ခုရှိပြီး တောအတွင်းရှိတောင်တန်းပေါ်တွင် ထူးဆန်း၍ရေဆူနေသော ကျောက်ရေတွင်းကြီးရှိခဲ့ပါသည်။ ထိုရေဆူနေသည်ကို အကြောင်းပြု၍ ၎င်းတောင်ကို ရေဆူတောင်ဟုခေါ်တွင်ခဲ့ပါသည်။ ထိုတောင်အနီးတွင် နေထိုင်သောရွာကို ရေဆူရွာ ဟုခေါ်တွင်ခဲ့ကြပါသည်။ ကာလရွှေ့လျားလာသောအခါ ရေဆူမှရေဖြူရွာဟု တင်စားခေါ်သွင်ခဲ့ကြပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၂၂.၇.၁၉၇၂) ရက်စွဲပါစာအမှတ်၊ ၁၀၃ / ၃၅ / စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရေဖြူမြို့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Attractions in ရေဖြူ