"ကွမ်းလုံ"

ကွမ်းလုံမြို့နယ်သည် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာပေါင်း ၁၇၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၅၆၃၀၄ ကျော် နေထိုင်ပါသည်။ မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၃၇၉.၃၉ စတုရန်းမိုင် ရှိသည်။ ကွမ်းလုံမြို့နယ်၏အရှေ့ဘက်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ အနောက်ဘက်တွင် သိန်းနီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်၊ မြောက်ဘက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ကွမ်းလုံမြို့နယ်သည် တောင်ကုန်းများထူထပ်သောဒေသဖြစ်သည်။ မိန်းမလှတောင်တန်းမှာ အရှေ့မှအနောက်သို့ သွယ်တန်းလျက်ရှိသည်။ ထင်ရှားသောမြစ်ချောင်းများမှာ သံလွင်မြစ်၊ နမ့်တိန်ချောင်းနှင့် နမ့်လင်းချောင်းတို့ဖြစ်သည်။ သံလွင်မြစ်သည် ၂၉.၅ မိုင်ရှည်လျားပြီး မြောက်မှတောင်သို့ စီးဆင်းလျက်ရှိရာ မြစ်ကြောင်းကျဉ်းမြောင်းခြင်း၊ ကျောက်ဆောင်များပေါများခြင်းကြောင့် သင်္ဘောစက်လှေများ သွားလာနိုင်ခြင်းမရှိပါ။ နမ့်တိန်ချောင်းသည် ၁၄.၂ မိုင်ရှည်လျားပြီး အရှေ့မှအနောက်သို့ စီးဆင်းလျက်သည်။ နမ့်လင်းချောင်းသည် ၃၄.၅ မိုင်ရှည်လျား၍ အနောက်မှအရှေ့သို့ စီးဆင်းလျက်ရှိသည်။ ကွမ်းလုံမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၁၄၁၃ ပေတွင် ရှိသည်။ မြို့နယ်တွင်း အမြင့်ဆုံးတောင်မှာ တာရွှေထန်တောင် (ကွမ်းလုံ)ဖြစ်ပြီး အမြင့်ပေ ၇၁၇၁ ရှိပါသည်။ မြို့နယ်၏အမြင့်ဆုံးအရပ် ဒေသမှာ ပြိန်းရဲကျေးရွာအုပ်စုရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (တယ်လီဖုန်း) Mobile စခန်းဖြစ်ပြီး အနိမ့်ဆုံးအရပ်ဒေသမှာ ကွမ်းလုံမြို့ဖြစ်သည်။

ဒေသသမိုင်းအကျဉ်း

ကွမ်းလုံမြို့နယ်ကို ပဒေသရာဇ်အချိန်က စော်ဘွားများ အုပ်ချုပ်ခဲ့ကြသည်။

သည်။ “ကွမ်းလုံ” ၏အဓိပ္ပာယ်မှာ“ကျွန်းကြီး” ဟူ၍ဖြစ်ပြီး သံလွင်မြစ်နှင့် နမ့်တိန်ချောင်းတို့ ပေါင်းဆုံရာတွင် ဖြစ်ပေါ်လာသော ကျွန်းကြီးကိုအစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၁၉၆၂ ခုနှစ်တွင် ကွမ်းလုံမြို့နယ်၌ နယ်ခြားခရိုင်ဝန်ရုံး စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (၁၃၈၀ပြည့်၊နတ်တော်လပြည့်ကျော်(၆)ရက်နေ့)တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းတာဝန်ထမ်းဆောင်စေခဲ့ပါသည်။

Attractions in ကွမ်းလုံ