"ဘီးလင်း"

ဘီးလင်းမြို့နယ်ကို ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၁ အုပ်စု၊ ကျေးရွာပေါင်း ၂၁၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်းမှာ ၁၉၄၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ မြို့နယ်၏ ဧရိယာမှာ ၈၃၅.၂ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ဘီးလင်းမြို့နယ်၏ အရှေ့ဘက်တွင် ဖာပွန်မြို့နယ်၊ အနောက်ဘက်တွင် ကျိုက်ထိုမြို့နယ်၊ တောင်ဘက်တွင် သထုံမြို့နယ်၊ မြောက်ဘက်တွင် ရွှေကျင်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိသည်။ ဘီးလင်းမြစ် (၂၂ မိုင်) မှာ ထင်ရှားပြီး မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိသည်။ သဲဖြူချောင်း (၂၀ မိုင်) မှာ အရှေ့မှအနောက်သို့ စီးဆင်းပြီး စစ်တောင်းမြစ် အတွင်းသို့ စီးဝင်ပါသည်။ ရေအရင်းအမြစ် အများစုမှာ ရေချိုဖြစ်သောကြောင့် သောက်ရေ၊ သုံးရေအဖြစ် သုံးစွဲနိုင်သည်။ ဘီးလင်းမြစ်နှင့် သဲဖြူချောင်းမှာ နွေရာသီတွင် ရေအနက် ၂/၃ ပေခန့်သာရှိ၍ မိုးရာသီမှသာ စက်လှေများဖြင့် ခရီးသွားလာနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀ တွင် တည်ရှိသည်။ မဲလံတောင် (၈၆၀ ပေ) သည် အမြင့်ဆုံးတောင်ဖြစ်သည်။ ပူပြင်းစွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၄၀.၂ စင်တီဂရိတ်ဖြစ်ပါသည်။ ဘီးလင်းမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်ပါသည်။ အဓိက ထွက်ကုန်မှာ သစ်၊ ဝါး၊ ရာသီအလိုက်သီးနှံများ ဖြစ်ကြသည်။ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဘီးလင်းမြို့နယ်မှ မဲလံစေတီနှင့် ကျိုက်ထီးဆောင်းစေတီတို့မှာ ထင်ရှားသည်။

Attractions in ဘီးလင်း