"ကျောက်ကြီး"

ကျောက်ကြီးမြို့နယ်သည် အရှေ့ဘက်တွင် သံတောင်မြိုနယ်၊ တောင်ဘက်တွင် ရွှေကျင်မြို့နယ်၊ အနောက်ဘက်တွင် စစ်တောင်းမြစ်၊ ဖြူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် မြောက်ဘက်တွင် ထန်းတပင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ ကျောက်ကြီးမြို့နယ်သည် သံတောင်မြို့ထိ တဖြည်းဖြည်းမြင့်တက်၍ တောတောင်လျှိုမြောင် ထူထပ်ကာတောင် တစ်ခုနှင့်တစ်ခုကြားတွင် မြေပြန့်ရှိသည်။ စပ်လဲရေတံခွန်၊ သဲသောမူ၊ သဲသောခွားရေတံခွန်တို့ တည်ရှိ၍ ထင်ရှားသောတောင်များမှာ မွေတော်တောင်၊ ရခိုင်တောင်၊ စေးဒေးမောဒေးတောင်တို့ ဖြစ်ကြသည်။ မြစ်ချောင်း ပေါများသည့် ဒေသတစ်ခုဖြစ်ပြီး စစ်တောင်းမြစ်၊ ကျောက်ကြီးချောင်း၊ မုန်းချောင်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်း အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုး‌ရေ၊သောက်သုံးရေစသည်ဖြင့် အသုံးပြုနိုင်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်(၁၉၅)ပေ အထက်တည်ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန်မှာ (၄၀) ဒီဂရီစင်တီဂရိတ်ရှိသည်။ ကျောက်ကြီးမြို့နယ်ကို ရပ်ကွက်(၇)ခု၊ ကျေးရွာအုပ်စု (၄၆) စုနှင့် ကျေးရွာပေါင်း (၂၃၄) ရွာဖြင့် ဖွဲ့စည်းထားပြီး ဧရိယာ စတုရန်းမိုင် (၇၈၁.၄၁)မိုင်၊ လူဦးရေ(၁၂၀၀၀၀)ကျော် နေထိုင်ကြပါသည်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး အဓိကထွက်ကုန်မှာ ဆန်ဖြစ်သည်။

Attractions in ကျောက်ကြီး