"ဘိုကလေး"

ဘိုကလေးမြို့နယ်ကို ရပ်ကွက် ၁၀၊ ကျေးရွာအုပ်စု ၇၆၊ ကျေးရွာပေါင်း ၅၇၅ ရွာဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း လူဦးရေမှာ ၃၄၆၀၀၀ ကျော်ဖြစ်သည်။ အရှေ့ဘက်တွင် ဖျာပုံမြို့နယ်၊ တောင်ဘက်တွင် အမာမြို့၊ အနောက်ဘက်တွင် လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ကျိုက်လတ်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၈.၂ ပေအထက်တွင် တည်ရှိပါသည်။ မြစ်ချောင်းများ ပေါများပြီး ဘိုကလေးမြစ်၊ ဂုံညှင်းတန်းမြစ်၊ ကဒုံကနိမြစ်၊ အထက်နတ်ချောင်းမြစ်နှင့် အောက်နတ်ချောင်းမြစ်တို့မှာ ထင်ရှားသည်။ ၎င်းမြစ်များတွင် စက်လှေ၊ သင်္ဘောများ သွားလာနိုင်သည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေများ အသုံးပြုနိုင်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၃၅ ˚C ဖြစ်သည်။ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ရေလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။ ရန်ကုန်မြို့သို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။

Attractions in ဘိုကလေး