"မိုင်းပန်"

မိုင်းပန်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၀ စု၊ ကျေးရွာပေါင်း ၃၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၄၁၆၇ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၉၅၀.၁၅၆ စတုရန်းမိုင်ရှိပါသည်။  မိုင်းပန်မြို့နယ်၏ အရှေ့ဘက်တွင် မိုင်းတုံမြို့နယ် အနောက်ဘက်တွင် လင်းခေးမြို့နယ်၊ တောင်ဘက်တွင် ဟိုမိန်းမြို့ ၊ မြောက်ဘက်တွင် ကျိုင်းတောင်းမြို့တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိ ပါသည်။

မိုင်းပန်မြို့နယ်သည် တောင်ပေါ်မြေပြန့်မြို့ဖြစ်ပြီး တောင်ကုန်းတောင်တန်းများဝန်းရံ လျက်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။ မြို့နယ်အတွင်း ထင်ရှားသည့် ချောင်းမှာနမ့်ပန်ချောင်းဖြစ်ပါသည်။ မိုင်းပန်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၂၂၂၂ ပေတွင် တည်ရှိ ပါသည်။

ဒေသသမိုင်းအကျဉ်း

မိုင်းပန်မြို့နယ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာက အင်းကြီး (၁) ခုတည်ရှိပြီး အလယ် တွင် ကျွန်းမျှောကြီးတစ်ခုတည်ရှိကာ ၎င်းကျွန်းမျှောသည်ရေလယ်တွင် ရွှေ့လျားလည်ပတ်လျှက် ရှိကြောင်း၊ ၎င်းကျွန်းမျှောကြီးလည် ပတ်နေသည်ကိုအစွဲပြု၍ ရှမ်းဘာသာဖြင့် မိုင်းပန် ၊ မြန်မာ ဘာသာဖြင့်လည်နေသောမြို့ဟုအဓိပ္ပါယ်ရရှိပါသည်။ မြန်မာ့သက္ကရာဇ် ၉၉၉ ခုနှစ်က အလောင်းမင်း တရားကြီးသည် ယိုးဒယားနိုင်ငံသို့စစ်ချီတက်ရာတွင် မိုင်းပန်ဒေသကို မိုင်းပန်မြို့ဟုသတ်မှတ်ခဲ့ပါသည်။ ယခင်ကကျွန်းမျှောကြီးဟု ယူဆရသော နောင်လုံကျေးရွာအနီးရှိ နောင်လုံအင်းအတွင်း၌ ဗုဒ္ဓရုပ်ပွားတော်များ၊ သမိုင်းဝင် နန်းယီဆိုင်ကော်ဒဏ္ဍာရီလာပုံတူများ တည်ထားလျှက် မြို့ သမိုင်းကိုထိန်းသိမ်းထားရှိပါသည်။ မိုင်းပန်မြို့နယ်အား ပြည်ထဲရေးဝန်ကြီး ဌာန၏ (၂၇.၇.၁၉၇၂) ရက်စွဲပါစာအမှတ် ၊ ၁၀၃ / ၅၄ / စိတ် (၁) ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့်မြို့အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

Attractions in မိုင်းပန်