"ငပုတော"

ငပုတောမြို့နယ်တွင် မြို့ ၃ မြို့၊ ရပ်ကွက် ၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၃ အုပ်စု၊ ကျေးရွာပေါင်း ၄၁၁ ရွာပါဝင်ပြီး လူဦးရေပေါင်း ၃၂၈၀၀၀ ကျော် နေထိုင်ကြသည်။ အရှေ့ဘက်တွင် မြောင်းမြမြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် လပွတ္တာမြို့နယ်၊ မြောက်ဘက်တွင် ကန်ကြီးဒေါင့်မြို့နယ်နှင့် ပုသိမ်မြို့နယ်တို့ ဆက်စပ်တည်ရှိပါသည်။            ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်တို့နှင့် ထိစပ်နေပြီး ရေပိုင်နက်မှာ ပင်လယ်ကမ်းရိုးတန်းမှ မိုင် ၅၀ ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြေပြန့်လွင်ပြင်များ၊ မြစ်ချောင်းများပေါများသည်။ ဂေါ်ရန်ဂျီကျွန်းနှင့် သမီးလှကျွန်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်းများပေါများပြီး မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းပါသည်။ ပင်လယ်နှင့် ဆက်စပ်တည်ရှိသဖြင့် ဒီရေအတက်အကျရှိပါသည်။ ရေငံဒေသဖြစ်သဖြင့် စိုက်ပျိုးရေနှင့် သောက်သုံးရေအဖြစ် အသုံးမပြုနိုင်ပါ။ ငဝန်မြစ်မှာထင်ရှားပြီး မြို့၏အနောက်ဘက်မှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၃၀.၂၈ ပေအထက်တွင်တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ တောင်ပတ်ကြီးတောင်(၁၄၀၀ပေ) ဖြစ်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၁.၄၁˚C ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ နေလှမ်းဆား ထုတ်လုပ်ရေးလုပ်ငန်းတို့အား အဓိကလုပ်ကိုင်ပါသည်။ ရေလမ်းခရီးကိုသာ အဓိကအသုံးပြုရ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပါသည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ နေလှမ်းဆားနှင့် ရေထွက်ပစ္စည်းများဖြစ်သည်။

Attractions in ငပုတော