"ခင်ဦး"

ခင်ဦးမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၅၉ စု၊ ကျေးရွာပေါင်း ၁၄၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၅၆၃၀၄ ကျော် နေထိုင်ပါသည်။ ခင်ဦးမြို့နယ်၏ အရှေ့ဘက်တွင် သပိတ်ကျဉ်း မြို့နယ်၊ တောင်ဘက် တွင် ရွှေဘို မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မူးမြစ် နှင့်ရေဦးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ကန့်ဘလူ မြို့နယ်တို့ အကြားတည်ရှိပြီး အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၄၀၀.၈၂ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ခင်ဦးမြို့နယ်၏ အရှေ့ဘက် ၁၄ မိုင်အကွာတွင် မင်းဝံတောင်ရိုးရှိ ပါသည်။ တောင်အသွင် ကွယ်ပျောက်၍ ကျောရိုးသဖွယ် တောင်ကုန်းများ တည်ရှိနေပါသည်။ မြို့နယ်အရှေ့ဘက်အခြမ်းသည် လွင်ပြင်နည်းပါး၍ အနိမ့်အမြင့် ပေါများသည်။ အနောက်ဘက်ခြမ်းသည် မျက်နှာပြင် ညီညာ ပြီး ဧရာဝတီမြစ်နှင့် မူးမြစ်တို့ အကြားတွင် တည်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

အင်းဝခေတ်တွင် မြောက်ဘက်ဝန်းသိုစော်ဘွားအပိုင်း ၊ အရှေ့ဘက် နယ်မြေ မိုးမိတ်စော်ဘွားအပိုင်းဟု ခေါ်ဆိုသော ရှမ်းပြည်နယ်နှင့် မြန်မာပြည် အကြားတွင် လည်းကောင်း၊ မြောက်ဘက်မှ ကသည်းရန်ကိုကာကွယ်ရန် ဦးတည်ချက်ထားရန် “ကင်းဦးမြို့” ဟု ခေါ်စမှတ်ပြုရာမှ နောင်တွင် ခင်ဦးဟု ခေါ်တွင်လာခဲ့သည်ဟု သိရပါသည်။

Attractions in ခင်ဦး