"ရေဦး"

ရေဦးမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၆၂ စု၊ ကျေးရွာပေါင်း ၁၉၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၅၁၂၈၁ ကျော်နေထိုင်ပါသည်။ မြို့နယ် ဧရိယာအကျယ်အဝန်းမှာ ၅၅၇.၈၅ စတုရန်းမိုင်ရှိပါသည်။ ရေဦးမြို့နယ်၏ အရှေ့ဘက်တွင် ခင်ဦးမြို့နယ်(မူးမြစ်) တောင်ဘက်တွင် ဒီပဲယင်းမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မင်းကင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် တန့်ဆည်မြို့ နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ရေဦးမြို့နယ်သည် ရေမျက်ကျေးရွာမှ တာတိုင်ကျေးရွာအထိ အဖြောင့်မျဉ်းဆွဲသားလျှင် အရှေ့ပိုင်းသည် လွင်ပြင်ပိုင်းဖြစ်၍ အနောက်ပိုင်းသည် လှိုင်းထဆင်ခြေလျှော၊ တောင်တန်း၊ တောင်ကုန်း၊ တောင်စွယ်၊ ရေဝေကုန်းတန်း၊ လျှိုမြှောင်ချောက်ကမ်းပါးများရှိပါသည်။ မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီးထင် ရှားသည့် မြစ်ချောင်းမှာ မူးမြစ်ဖြစ်ပါသည်။ မြစ်ချောင်း အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေး၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ မူးမြစ်သည် သင်င်္ဘော /စက်လှေများ လည်းသွားလာနိုင်သော မြစ်ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ရေဦးမြို့နယ်သည် ပျူခေတ်မှ စတင်ခဲ့ပါသည်။ ပုဂံခေတ် ၊ ကုန်းဘောင် ခေတ်၊အင်းဝခေတ်အထိ အဆက်ဆက် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နယ်ချဲ့တို့ သိမ်းပိုက် ခံခဲ့ရပြီးနောက် ၁၈၈၆ခုနှစ် အတွင်းမှစ၍ ရေဦးခရိုင်ဟု သတ်မှတ်ကာ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း ၃ မြို့နယ်အားရေဦးမှ ရုံးထိုင်ပြီးအုပ်ချုပ်ခဲ့ပါသည်။ ၁၉၂၀ခုနှစ် တွင် ရေဦးကို မြူနီစံပါယ် အက်ဥပဒေအရ မြို့ပြအဖြစ် ကြေငြာသတ်မှတ်ခဲ့ပြီး ရေဦးမြို့နယ်ဟု သီခြားဖြစ်ပေါ်ခဲ့ပါသည်။

Attractions in ရေဦး