"ဒိုက်ဦး"

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်သည် ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၄၄ စု၊ ကျေးရွာပေါင်း ၁၈၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၁၆၉၅၈ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှ အနောက်သို့ ၂၆ မိုင်နှင့် တောင်မှမြောက်သို့ ၁၉ မိုင်ရှည်လျားပါသည်။ ဒိုက်ဦးမြို့နယ်၏ အရှေ့ဘက်တွင်ညောင်လေးပင်မြို့နယ်၊ တောင်ဘက်တွင် ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်၊ အနောက်ဘက်တွင် ပဲခူးရိုမ၊ မြောက်ဘက်တွင် ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့နှင့် ထိစပ်လျက် ရှိပါသည်။ ဒိုက်ဦးမြို့နယ်၏ မြေမျက်နှာသွင်ပြင်မှာ အနောက်ဘက်ခြမ်း တွင် ပဲခူးရိုးမရှိပြီး အနောက်ဘက်မှ အရှေ့ဘက်သို့ တဖြေးဖြေးနိမ့်ဆင်း သွားသည့် မြေနိမ့်လွင်ပြင်ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် ပဲခူးခရိုင်သည် ပဲခူးလက်အောက်ခံဖြစ်လာပြီး အရေးပိုင်သည် ပဲခူး မြို့တွင် ရုံးထိုင် အုပ်ချုပ်ပါသည်။ ၁၈၇၈ခုနှစ်တွင် ဒိုက်ဦးကျေးရွာအဖြစ် မပေါ်ပေါက်ခင် နှစ်အတန်ကြာကပင် ပေါ်ပေါက်လျက်ရှိသော ကျေးရွာ အချို့မှာ ဖအောင်ဝဲ၊ ဒရယ်မီး၊ ဆင်စခန်း၊ တပ်စု၊ မအူရိုး၊ လက်ပံသုံးခွ၊ ဆာပါခြုံ၊ ကျွန်းကုန်း၊ အိမ်ခြေလေးဆယ်၊ ဖအောင်းစု၊ ဖေါင်တော်သီ ရွာနှင့်ကတုတ်ရွာမ စသော ကျေးရွာများဖြစ်ကြပါသည်။၁၈၇၈ ခုနှစ်တွင် ရန်ကုန်မှ ပြွန်တံဆာအထိ မီးရထားလမ်း ဖေါက်လုပ်ပြီးသောအခါ ယခု ဒိုက်ဦးမြို့တည်ရှိနေရာ၌ ဘူတာရုံ ဖွင့်လှစ်ခဲ့ ပါသောကြောင့် ၄င်းဘူတာ ကို အမှီပြု၍ ဈေးဆိုင်များ၊ လူနေအိမ်ခြေများ စသည်ဖြင့် ပေါ်ပေါက် လာပြီး ဒိုက်ဦးရွာအနေဖြင့် ဖြစ်ပေါ်လာခဲ့ပါသည်။ ဒိုက်ဦးရွာတည်နေရာ သည် မီးရထားလမ်း အရှေ့ဘက်တွင် မြေနိမ့်ပိုင်းဖြစ်၍ မိုးတွင်း ရေကြီး သောအခါ ရေမြုပ်ပါသည်။ ထိုအချိန်တွင် ဖအောင်ဝဲရွာမှာ တိုက်သူကြီး နေရာရွာဖြစ်လာပြီးသူကြီးမှာဦးကျယ်ဖြစ်ပါသည်။ ဒရယ်မီးရွာသူကြီးမှာ ဦးလယ်ရောက် ဖြစ်၍ဒိုက်ဦးရွာကို ပူးတွဲအုပ်ချုပ်ခဲ့ပါသည်။ ဒိုက်ဦး ကျေးရွာသည် ပြွန်တံဆာမြို့ပိုင်၏ အုပ်ချုပ်ရေးအောက်တွင် ရှိပါသည်။ ၁၈၉၄ ခုနှစ်မှ ၁၈၉၉ခုနှစ်အထိ ဒိုက်ဦးရွာသူကြီး ဦးရွှေပြည့်အား ဦးစွာ ခန့်အပ်အုပ်ချုပ်စေခဲ့ပါသည်။ အိမ်ခြေ ၅၀ ခန့်နှင့် လူဦးရေ ၂၅၀ ခန့်သာရှိပြီး နိုင်ငံခြားသားအချို့ စတင်နေထိုင်စပြုလာပါသည်။ ၁၉၀၇ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဒိုက်ဦးကျေးရွာသည် အိမ်ခြေ ၄၀၀ အထိ တိုးတက်များပြားလာခဲ့ပြီး လူဦးရေမှာ ၂၀၀၀ ခန့်အထိ တိုးတက်ခဲ့ပါ သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ကျောထောက်နောက်ခံ ကျေးရွာများ များပြားလာခဲ့ခြင်းကြောင့် ၁၉၀၈ခုနှစ်တွင် ပြွန်တံဆာမှ မြို့ပိုင်ရုံးနှင့် ရဲဌာနတို့ကို ဒိုက်ဦးကျေးရွာ သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည့် အတွက် ဒိုက်ဦးရွာမှာ ဒိုက်ဦးမြို့ ဖြစ်လာခဲ့ပါသည်။ ပထမဦးဆုံးမြို့ပိုင် သည် ဦးအောင်ကျော်ဖြစ်ပါသည်။ ၁၉၂၃ ခုနှစ်တွင် ရန်ကုန်-မန္တလေး ကားလမ်း ဖေါက်လုပ်ပေါ်ပေါက်လာသဖြင့် ဒိုက်ဦးမြို့ သည် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မြင့်မားလာရာမှ ယခုအခါ စီးပွားရေး ကောင်းမွန်သည့် မြို့တစ်ခုအဖြစ် တည်ရှိနေပါသည်။

Attractions in ဒိုက်ဦး