"ဘုတလင်"

ဘုတလင်မြို့နယ်အား (၃၁.၁.၁၉၇၃) နေ့စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၅၄ စု၊ ကျေးရွာပေါင်း ၁၈၈ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၁၅၅၀၀၀ ကျော် နေထိုင်ပါသည်။ ဘုတလင်မြို့နယ်သည် ၄၁၄.၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် အရာတော်မြို့နယ်၊ တောင်ဘက်တွင် မုံရွာမြို့နယ်၊ အနောက်ဘက်တွင် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ဒီပဲယင်းမြို့နယ်တို့နှင့် နယ်နိမိတ် ဆက်စပ်လျှက်ရှိသည်။ ဘုတလင် မြို့နယ်၏ အနောက်ဘက်နှင့်အနောက်တောင်ဘက်တွင် ချင်းတွင်းမြစ်ကြောင်း စီးဆင်းလျှက်ရှိသည်။ ချင်းတွင်းမြစ်သည် နွေရာသီတွင် အချို့နေရာများ၌ ရေအနက် ၃ ပေခန့်သာရှိ၍ ရေယာဉ်ကြီးများသွားလာမှု အခက်အခဲကြုံတွေ့ရပါသည်။ မိုးရာသီတွင် စတဲချောင်းမှသာ ရေစီးဆင်းမှုရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၄၉ ပေရှိသည်။ အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းဒေသတွင်ပါဝင်ပြီး အမြင့်ဆုံးအပူချိန်မှာ ၄၁˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အသင့်အတင့်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မုံရွာ-ရေဦး၊ ဘုတလင်-ကနီလမ်းဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဖြစ်သည်။ ဘုတလင်မြို့နယ်မှ တွင်းတောင်မှာ ထင်ရှားသည်။

Attractions in ဘုတလင်