"ဇီးကုန်း"

ဇီးကုန်းမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၂၉ စု၊ ကျေးရွာပေါင်း ၁၃၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၇၀၈၈၁ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၆ မိုင်နှင့် တောင်မှမြောက်သို့ ၅.၅ မိုင်ရှည်လျားပါသည်။ ဇီးကုန်းမြို့နယ်၏ အရှေ့ဘက်တွင် နတ်တလင်းမြို့နယ်၊ တောင်ဘက်တွင် ကြို့ပင်ကောက်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် . ကြို့ပင်ကောက် မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် နတ်တလင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ် လျက်ရှိ ပါသည်။ ဇီးကုန်းမြို့နယ်သည် အရှေ့ဘက် ဘော်ဘင်ကျေးရွာအုပ်စုမှာ တောင်ခြေကွင်းဆက်ဖြစ်၍ ဆင်ခြေလျှောရှိပြီး အနောက်ဘက် စပါယ်မျှောင် ကျေးရွာအုပ်စုသည် ချိုင့်ဝှမ်းဒေသဖြစ်ပါသည်။ ကျန်ကျေးရွာ အုပ်စုများသည် လွင်ပြင်များ ဖြစ်ပါသည်။ ဇီးကုန်းမြို့နယ်တွင် ပဲခူးရိုးမမှစတင်လျှက် မင်းဘူးချောင်း နှင့် ဘော်ဘင်ချောင်းတို့သည် အရှေ့မှ အနောက်သို့ စီးဆင်းရာ ကန္တလီ ချောင်းဆုံတွင် ၎င်းချောင်းများပေါင်း၍ ဘော်ဘင်ချောင်းအဖြစ် တည်ရှိသည်။

ဒေသသမိုင်းအကျဉ်း

ဇီးကုန်းမြို့နယ်ဟုခေါ်တွင်ရခြင်းမှာ အင်းဝခေတ်နှောင်း၊ ပုဂံမြို့စား ၏သားတော်ဖြစ်သည့် သာယာ၀တီနန်းဆက်ကို စတင်တည်ထောင်သော သုံးမြို့ရှင်အမည်ခံ သတိုးနော်ရထာမင်းသည် တိုင်းခန်း လှည့်လည်တော် မှုစဉ် နန်းစိုက်စိုးစံရာ သာယာ၀တီ မြို့ဟောင်း ကြို့ပင်ကောက်မြို့နယ်၏ အရှေ့ဘက် ၈ မိုင်အကွာ ယခု မြို့တွင်း ကျေးရွာမှ အနောက်ဘက် ယွန်းယွန်းသို့ ကြွချီတော်မှုခဲ့ရာ ဆင်ပိုက်၊ ကျခတ်တန်း ကျေးရွာများသို့ ဖြတ်သန်းခဲ့ ပြီးနောက် သာယာပြန့်ပြူး၍ နံဘေးတွင်ဇီးပင်အများအပြား စီတန်းပေါက် ရောက်နေသောကုန်း .. တစ်ခုသို့ရောက်ခဲ့ကြသည်။ သတိုးနော်ရထာမင်းသည် စိတ်ကြည်နူးခဲ့သည်ကတစ်ကြောင်း၊ ဆင်၊ မြင်းတို့ကို အစာကျွေးလိုသည်က တစ်ကြောင်းခေတ္တစခန်းချခဲ့သည်။ ဤတွင်ရှေးသူ ဟောင်းများတို့၏ ဓလေ့ထုံးစံအရ ရွာအမည်၊ မြို့အမည် များကို အမည်ပေး လေ့ရှိရာ ပတ်ဝန်းကျင်ရှိ ထူးခြားသော အချက်အလက်များနှင့် ဝိသေသ လက္ခဏာများကိုကြည့်၍ မိမိစခန်းချနေသော ဤကုန်းတန်းလေးကို (ဇီးကုန်း)ဟုခေါ်တွင်စေခဲ့ပါသည်။ သတိုးနော်ရထာစခန်းချ၍ ဇီးကုန်းဟု အမည်သညာပြုခဲ့သောနေရာမှာ ယခုဇီးကုန်းရွာမရပ်ဖြစ်ခဲ့ ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၏ (၂၈.၂.၁၉၇၃)ရက်စွဲပါ စာအမှတ် (၁၀၃/၅၈/ စိတ်(၁)ဖြင့် (၅.၃.၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၃/၁၅၉/အထ(၂)ဖြင့် ကျေးရွာနှင့် ကျေးရွာ အုပ်စုများကို ဖွဲ့စည်းခဲ့ပါသည်။ ။

Attractions in ဇီးကုန်း