"ချောင်းဆုံ"

ချောင်းဆုံမြို့နယ်ကို ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ အုပ်စုနှင့် ကျေးရွာပေါင်း ၇၈ ရွာ တို့ဖြင့် ဖွဲ့စည်းထားပါသည်။ လူဦးရေမှာ ၁၆၃၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ အရှေ့မှအနောက်သို့ ၁၀မိုင် ၂ဖာလုံ၊ တောင်မှမြောက်သို့ ၁၉မိုင် ၄ဖာလုံ ရှည်လျားသည်။ မြို့နယ်၏ ဧရိယာမှာ ၂၅၄.၀၉၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် မော်လမြိုင်မြို့နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ တောင်ဘက်တွင် ဘင်္ဂလား ပင်လယ်အော်နှင့် မြောက်ဘက်တွင် သံလွင်မြစ်နှင့် ပေါင်မြို့နယ်တို့ တည်ရှိပြီး ရေများဝန်းရံနေသော ကျွန်းတစ်ကျွန်းဖြစ်ပါသည်။ တောင်ကုန်း တောင်တန်းနှင့် မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက် ရှိသည်။ ရေအရင်းအမြစ်အများစုမှာ ရေငံဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးမပြုနိုင်ပါ။ နွေရာသီတွင် သံလွင်မြစ်၏ရေအနက်မှာ ပေ ၄၀ ခန့်ရှိ၍ သင်္ဘော၊ စက်လှေများ သွားလာနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ  ၁၅ ပေအထက်တွင် ရှိသည်။ မုဒူးတောင် (ခ) မုဆိုးမတောင် (၅၅၉ ပေ) သည် အမြင့်ဆုံးတောင်ဖြစ်သည်။ ပူအိုက်စွတ်စိုသော အပူပိုင်းဒေသ ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၅˚C ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။ အခြားမြို့နယ်များသို့လည်း ကုန်းလမ်း၊ ရေလမ်းဖြင့် သွားလာနိုင်သည်။ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။ ချောင်းဆုံမြို့နယ်ရှိ ဘီလူးကျွန်းမှာ ထင်ရှားသော ကျွန်းကြီးတစ်ကျွန်း ဖြစ်ပါသည်။

Attractions in ချောင်းဆုံ