ကူတောင်ဂူ

Listing Description

ရသေ့တောင်မြို့နယ် ကူတောင်ရွာ၏မြောက်ဘက်တွင် တည်ရှိသည်။ မြောက်ဦးခေတ် မင်းဗာဘုရင်မင်းမြတ်သည် နန်းတက်အထိမ်းအမှတ် ဂူဘုရားကိုးဆူ တည်ထားကိုးကွယ်ရာ ဤကူတောင်ဂူဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ကျောက်ထွင်းဂူ၏ ဂူပေါက်ဝများမှာ အရှေ့ဘက်သို့ မျက်နှာပြုထားသည်။ ဂူမျက်နှာစာတွင် ပန်းနွယ်၊ ပန်းခက်များ၊ ကျေးငှက်သာရကာများနှင့် ဗြဟ္မာတို့က ပူဇော်နေကြပုံများ ထုဆစ်ထားသည်။ ဂူကျောင်းဝ သုံးခုရှိပြီး စုစုပေါင်း ၄၅ ပေခန့် ရှည်လျားသည်။ ထိုင်တော်မှုဘုရား ၃၁ ဆူကိန်းဝပ်လျက်ရှိသည်။ မြောက်ဘက်ဂူမှာ အဓိကကျပြီး ဘုံပိတ်မျက်နှာကြက်နှင့် နံရံကပ်ကျောက်တိုင် သရုပ်ဖော်ကျောက်ဆစ်လက်ရာများ ပါရှိသည်။

မင်းဗာဘုရင်မင်းမြတ် နန်းတတ်အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သောဂူကိုးဂူ -

ကျောက်တစ်လုံးဂူ

- နတ်တောင်ပြင်ဂူ

- တောင်ညိုဂူ

- ကြိမ်ခွေမော်ဂူ

- ဂူဝဂူ

- ဇီးကိုင်းဂူ

- ကူတောင်ဂူ

- နိုင်ငံတောင်ဂူ

- ပိုးရွှီပြင်ဂူတို့ ဖြစ်သည်။