"မတ္တရာ"

မတ္တရာမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈၃ စု၊ ကျေးရွာပေါင်း ၂၈၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၅၁၅၂၂ ကျော်နေထိုင်ပါသည်။ မြို့နယ် ဧရိယာအကျယ်အ၀န်း ၄၅၅.၀၀ စတုရန်မိုင်ရှိပါသည်။ အရှေ့မှအနောက်သို့ ၂၅ မိုင်ရှိပြီး တောင်မှမြောက်သို့ ၂၅.၇၅ မိုင်ရှည်လျားပါသည်။  မတ္တရာမြို့နယ်သည်  အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊စစ်ကိုင်း မြို့နယ်၊ ဝက်လက်မြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ မတ္တရာမြို့နယ်၏ အရှေ့ပိုင်းသည် ရှမ်းပြည်နယ်နှင့် ဆက်စပ် နေသည့် တောင်ကုန်းတောင်တန်းများနှင့် သစ်တောကြိုးဝိုင်းများရှိရာ ကုန်းမြင့်ဒေသဖြစ်ပြီး မြောက်ဘက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ဘက်ပိုင်းတို့ သည်သီးနှံများ စိုက်ပျိုးနိုင်သော မြေပြန့်လွင်ပြင်ဒေသဖြစ်ပါသည်။ ဧရာ၀တီမြစ်နှင့် ချောင်းမကြီးချောင်းဘေး ဝဲယာတွင် နှုန်းတင်မြေနု လွင်ပြင်များရှိပါသည်။

မတ္တရာမြို့နယ်အတွင်းဧရာ၀တီမြစ်၊မြောင်မြစ်သည် မြောက်မှ တောင်သို့လည်းကောင်း၊ချောင်းမကြီးချောင်းသည် အရှေ့မှ အနောက် သို့ စီးဆင်းပြီး ဧရာ၀တီမြစ်အတွင်းစီးဝင်ပါသည်။ ဆည်တော်ကြီး ရေလှောင်တမံမှ ဆည်ရေများသည် မန္တလေးတူးမြောင်း၊ ရေနံ့သာ တူးမြောင်းများဖြင့် မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

မတ္တရာမြို့နယ် ဖြစ်ပေါ်လာပုံမှာ ယခင်ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၊ ကူမဲမြို့၏ အရှေ့ဘက် ၅ မိုင်အကွာ၌ မိုင်းမော မြို့ဟောင်းမှ အမတ် ၁၀၀ တို့ ပြောင်းရွှေ့လာပြီး စုပေါင်းတည်ထောင် နေထိုင်ခဲ့သော မြို့တစ်မြို့ ဖြစ်ပါသည်။ အမတ်တရာ မြို့အမည်မှ ကာလရွေ့လျားလာပြီးမတ္တရာမြို့ဟုခေါ်တွင်လာခဲ့ခြင်းနှင့် ရှေးဟောင်း ဟလင်းကြီးမြို့ ပျူမင်း၊ ပြုံးမင်းလက်ထက်တွင် မယ်တော်အား မိဖုရားအဖြစ်သိမ်းပိုက်ရာ တိုင်းပြည်ပျက်မည်ကို ကြိုတင်သိသော အမတ် ၁၀၀ . တို့ပြောင်းရွှေ့လာပြီး မြို့တည် ကြသည်မှစတင်၍ မတ္တရာမြို့ဟု ပြောင်းလဲလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Attractions in မတ္တရာ