"ဒေါပုံ"

ဒဏ္ဌာရီအနေဖြင့် ငမိုးရိပ်မိချောင်းသည် ရန်ဘက်မိချောင်းများ တိုက်ခိုက်ရာ ရှုံးနိမ့်သဖြင့် ဒေါသပုန်ထကာ ပုန်းခိုနေသော ဒေသ ဖြစ်ခဲ့သဖြင့် ဒေါပုံဟု ခေါ်တွင်ခဲ့ကြောင်း သိရှိရပါသည်။ တစ်ချို့ကမူ မြစ်သုံးဆိုင်၏အဝတွင် တည်ရှိသဖြင့် လှိုင်းလေ ကြမ်းတမ်းပြီး ဒီရေအတက်အကျကြမ်းသဖြင့် ဒေါပုံဟု ခေါ်တွင်ခဲ့ကြောင်း ကြားသိရပါသည်။ ဒေါပုံသည် ရှေးမြန်မာမင်း လက်ထက်ကပင် ပေါ်ထွန်းခဲ့ကြောင်း သိရပါသည်။ ဒေါပုံမြို့နယ်သည် အရှေ့မှအနောက်သို့ ၁.၅၆ မိုင်၊ တောင်မှမြောက်သို့ ၁.၇၈ မိုင် ရှည်လျားပြီး ၁.၄၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် သာကေတမြို့နယ်၊ အနောက်ဘက်တွင် ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်ချောင်း၊ တောင်ဘက်တွင် မြစ်သုံးဆိုင်၊ မြောက်ဘက်တွင် ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းတို့နှင့် ဆက်စပ်လျှက်ရှိသည်။ ဒေါပုံမြို့နယ်သည် ပုဇွန်တောင်ချောင်းရိုးတစ်လျှောက် တည်ရှိပြီး အရှေ့မှ အနောက်သို့ ၄.၅ မိုင် ရှည်လျား၍ ဒီရေအတက်အကျရှိပြီး ချောင်းလက်တက်များ ပေါများပါသည်။ ဒေါပုံမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၁၄.၇၆ ပေအထက်တွင် တည်ရှိသည်။ ဒေါပုံမြို့နယ်သည် အပူပိုင်း မုတ်သုံရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ဒေါပုံမြို့နယ်တွင် ရပ်ကွက် ၁၄ ခုပါဝင်ပြီး လူဦးရေပေါင်း ၇၅၀၀၀ ကျော် နေထိုင်ပါသည်။ ဒေါပုံမြို့နယ်သည် စီးပွားရေးဖွံ့ဖြိုးမှုရှိပြီး ဒေသခံပြည်သူများသည် ဝန်ဆောင်မှုလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါသည်။

Attractions in ဒေါပုံ