"လှိုင်းဘွဲ့"

လှိုင်းဘွဲ့မြို့နယ်တွင် ရပ်ကွက် ၁၃၊ ကျေးရွာအုပ်စု ၇၂၊ ကျေးရွာပေါင်း ၃၇၁ ရွာပါဝင်ပြီး လူဦးရေစုစုပေါင်းမှာ ၂၈၁၀၀၀ ကျော် နေထိုင်ပါသည်။ လှိုင်းဘွဲ့မြို့နယ်သည် အရှေ့မှအနောက်သို့ ၄၅ မိုင်၊ တောင်မှမြောက်သို့ ၆၅ မိုင် ရှည်လျားပါသည်။ မြို့နယ်ဧရိယာမှာ ၁၆၇၁.၇၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၊ အနောက်ဘက်တွင် ဘားအံမြို့နယ်နှင့် ဖာပွန်မြို့နယ်၊ မြောက်ဘက်တွင် ဖာပွန်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ တောင်တန်းလျှိုမြောင်များပြားပြီး မြေပြန့်လွင်ပြင် နည်းပါးပါသည်။ မြစ်ချောင်းများ ပေါများပြီး သောင်ရင်းမြစ်မှာ ထင်ရှားသည်။ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းသော်လည်း သောင်ရင်းမြစ်မှာ တောင်မှမြောက်သို့ စီးဆင်းသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေများ အသုံးပြုနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ အထက်တွင် တည်ရှိသည်။ ကုလားမတောင် (၄၃၃၀ပေ) သည် အမြင့်ဆုံးတောင် ဖြစ်သည်။ ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၄၃˚C ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းသည့်အခါ မြစ်ချောင်းများ ရေလျှံ၍ ရေလွှမ်းမိုးမှုများ နှစ်စဉ်ကြုံတွေ့ရတတ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်ပါသည်။ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပါသည်။ အဓိကထွက်ကုန်မှာ စပါးနှင့်မြေပဲဖြစ်သည်။ အဖြစ် ရာဘာကိုလည်း စီးပွားဖြစ် အနည်းအကျဉ်းစိုက်ပျိုးကြပါသည်။ ကုန်းလမ်း၊ ရေလမ်းပေါများပြီး ဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ လှိုင်းဘွဲ့မြို့နယ်မှ ကျုံထော် ရေတံခွန်မှာ ထင်ရှားပါသည်။

Attractions in လှိုင်းဘွဲ့