"တွံတေး"

တွံတေးမြို့နယ်သည် ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၆၅ စု၊ ကျေးရွာပေါင်း ၂၃၅ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၃၁၃၁၉ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၂၇၉.၀၉ မိုင်ရှိပါသည်။ တွံတေးမြို့နယ်၏ အရှေ့ဘက်တွင် ကြည့်မြင်တိုင်မြို့နယ် ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်၊ တောင်ဘက်တွင်ကော့မှူးမြို့နယ် ၊ အနောက် ဘက်တွင်မအူပင်မြို့နယ်နှင့်ညောင်တုန်းမြို့နယ်၊ မြောက်ဘက်တွင် ထန်းတပင်မြို့နယ် နှင့်လှိုင်သာယာမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါ သည်။ မြို့နယ်တစ်ခုလုံး၏၉၀ရာခိုင်နှုန်းမှာ မြေပြန့်လွင်ပြင် ဖြစ်သည်။ ကုန်းမြင့် ဒေသနှင့် ရေနက်ကွင်း အနည်းငယ်ရှိ၍ တောင်ကုန်းတောင်တန်းများမရှိပါ။ မြစ်ချောင်းပေါများသော ဒေသဖြစ်ပြီး ပန်းလှိုင်မြစ်သည်အနောက်မှအရှေ့သို့လည်းကောင်း၊ တွံတေးတူးမြောင်း သည် အနောက်မှ အရှေ့သို့လည်းကောင်း၊ တိုးမြစ်နှင့် ခတ္တိယရေကျော် ချောင်းတို့သည် မြောက်မှတောင်သို့လည်းကောင်းတွံတေးမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ရှေးနှစ်ပေါင်း ၂၅၀၀ ကျော်က သီဟိုဠ်ကျွန်းမှ ပြောင်းရွှေ့လာသော လူအချို့ နေထိုင်ရာခပင်းသီဟိုဠ်ငယ်ဟူသောပင်လယ်ဆိပ်ကမ်းမြို့၏ အနောက် ဘက်(၆)မိုင်ခန့်အကွာတွင်ကွမ်းဒေးဟူသောအရပ်တစ်ခုရှိသည်ဟုဆိုကြသည်။ မွန်မင်းအဆက်ဆက်သည်တွံတေးမြို့နယ်တွင်ရှိသည့် ပေါက္ခရဝတီမြို့ကို မွန်မင်း ဘာသာဖြင့် တုန်တလှဲ့ဟု ခေါ်ကြသည်။ တုန်မှာ မြို့ဖြစ်ပြီး တလှဲ့မှာ လူစွမ်းကောင်းဟု အဓိပ္ပါယ်ရသည်။ ကာလရွေ့လျှားလာသောခါ တလဲ့မှ ဒလဖြစ် လာသည်ဟုဆိုသည်။ မွန်မင်း များလက်ထက်မှစ၍ တွံတေး- ဒလဟူသော အမည် မှာ ထင်ရှားလူသိများလာသည်။

Attractions in တွံတေး