"ချမ်းမြသာစည်"

ချမ်းမြသာစည်မြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၀.၁၂.၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (-) ဖြင့် မန္တလေးမြို့ကို ယခင်(၄)မြို့နယ်မှ (၅)ပြင်ဆင်ဖွဲ့စည်းခဲ့ရာ အနောက်တောင်မြို့နယ်ကို ချမ်းမြသာစည်မြို့နယ်ဟု အမည်ပြောင်းလဲခဲ့၍ ရပ်ကွက်(၁၄)ဖြင့် ဖွဲစည်းထားခြင်းဖြစ်ပါသည်။ အရှေဘက်တွင် ပုသိမ်ကြီး၊ တောင်ဘက်တွင် ပြည်ကြီးတံခွန်၊ အမရပူရ၊ အနောက်ဘက်တွင် အမရပူရ၊ မြောက်ဘက်တွင် မဟာအောင်မြေတို့နှင့် နယ်မြေချင်း ထိစပ်လျှက်ရှိသော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အရှေ့ပိုင်းသည် အမြင့်ပိုင်းဖြစ်ပြီး အနောက်ပိုင်းသို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသော်လည်း တောင်ကုန်းချိုင့်ဝှမ်းများမရှိသော မြေပြင်ဖြစ်ပါသည်။ မြို့နယ်အတွင်း ပရံတော်ချောင်း၊ နဒီချောင်း၊ ရွှေတချောင်းမြောင်းတို့မှာ မြောက်မှတောင်သို့ စီးဆင်းကြသည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၆ပေ)တွင်ရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၄၄.၂)ဒီဂရီ စင်တီဂရိတ်ရှိသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတု ဖြစ်သည်။ မြို့နေလူဦးရေမှာ (၂၂၀၀၀၀)ကျော် ရှိပါသည်။

Attractions in ချမ်းမြသာစည်