"ဓနုဖြူ"

ဓနုဖြူမြို့နယ်သည် အရှေ့အနောက် ၂၀ မိုင်၊ တောင်မြောက် ၂၁ မိုင်ရှည်လျားပြီး အကျယ်အဝန်းမှာ ၂၈၉.၃၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ထန်းတပင်မြို့နယ်၊ အရှေ့တောင်ဘက်တွင် တိုက်ကြီးမြို့နယ်၊ အရှေ့မြောက်ဘက်တွင် အဖျောက်မြို့နယ်၊ အနောက်ဘက်တွင် ကျုံပျော်မြို့နယ်၊ အနောက်တောင်ဘက်တွင် ပန်းတနော်မြို့နယ်၊ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ဇလွန်မြို့နယ်၊ တောင်ဘက်တွင် ညောင်တုန်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ တောင်ကုန်းတောင်တန်းကင်းရှင်းပြီး နုံးတင်မြေနုလွင်ပြင်အရပ်ဖြစ်သည်။ ဓနုဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်သည် ၁၇ မိုင် ရှည်လျားပြီး မြောက်မှတောင်သို့ စီးဆင်းသည်။ ဧရာဝတီမြစ်အတွင်း သင်္ဘောကြီး/ငယ်မရွေး သွားလာနိုင်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၂၈.၀၅ ပေအမြင့်တွင် တည်ရှိသည်။ ပူနွေးသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၁၀၄ HF ဖြစ်သည်။ ဓနုဖြူမြို့နယ်ကို ရပ်ကွက် ၁၈၊ ကျေးရွာအုပ်စု ၆၃၊ ကျေးရွာပေါင်း ၄၄၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၉၀၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ပဲ၊ပြောင်းလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အဓိကထုတ်ကုန်မှာ ဆန်စပါးဖြစ်သည်။ ရန်ကုန်တိုင်းဒေသများသို့လည်း ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့်လည်း သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။

Attractions in ဓနုဖြူ