"ကျောက်ဆည်"

ကျောက်ဆည်မြို့နယ်သည် ၇၂၅.၂၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ ကျောက်ဆည်နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်နှင့် ရွာငံမြို့နယ်၊တောင်ဘက်တွင် မြစ်သားမြို့နယ်၊အနောက်ဘက်တွင် တံတားဦးမြို့နယ်နှင့် မြောက်ဘက်တွင် စဉ့်ကိုင်မြို့နယ်များဖြင့် ထိစပ်နေသည်။ ကျောက်ဆည်မြို့နယ်အတွင်းတွင် ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်နှင့် စမုံမြစ်တို့သည် အရှေ့တောင်မှ အနောက်မြောက်ဘက်သို့ စီးဆင်းနေသည်။ မြို့နယ်အတွင်းရှိ ရွှေသာလျောင်းတောင်မှာ ၉၇၃ပေမြင့်ကာ အမြင့်ဆုံးတောင်ဖြစ်သည်။

ဒေသသမိုင်းအကျဉ်း

ကျောက်ဆည်အဖြစ် အမည်မတွင်မီက မြစ်သာ (မ္လစ်သာ)ဟု အမည်တွင်ပြီး သာယာသောမြစ်ရှိသောနေရာဖြစ်၍ မြစ်သာရွာဟုခေါ်သည်။ ကျောက်ဆည်ဟူသော အမည်သည် ဇော်ဂျီမြစ်ကို ကျောက်များဖြင့် ဆည်ဖို့ထားခြင်းကြောင့် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

Attractions in ကျောက်ဆည်