တောင်ညိုဂူ

Listing Description

တောင်ညိုတောင်သည် ပေါက်တောမြို့မှ အနောက်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိသည်။  မြောက်ဦးခေတ် မင်းဗာဘုရင်မင်းမြတ်သည် နန်းတက်အထိမ်းအမှတ် ဂူဘုရားကိုးဆူ တည်ထားကိုးကွယ်ရာ ဤတောင်ညိုဂူဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ လက်ရှိအနေအထားအရ ကျောက်တောင်သည် မြေပြင်မှ ပေ ၄၀ မြင့်ပြီး ဂူပေါက် ၄၂ ပေါက်နှင့်  ဆင်းတုတော်ကြီးငယ် ၅၂ ဆူရှိသည်။ မင်းဗာဘုရင်လက်ထက်တွင် တောင်ရင်းကျွန်းတခွင်၌ ဂူဘုရားများစွာရှိပြီး ထိုဂူဘုရားများထဲ၌ တောင်ညိုဂူသည် အကြီးဆုံးဂူဖြစ်သည်ဟုဆိုသည်။ မြေပြင်မှ ဂူသို့ လှေကား ၅၂ ထစ်တက်ရပြီး ဂူ၏အတွင်းအပြင် မျက်နှာပြင်၌ ရှေးခေတ် အဝတ်တန်ဆာ ဆင်ယင်ထားသော လူပုံ၊ ဗုဒ္ဓဝင်ရုပ်လုံးရုပ်ကြွများ၊ ဒေါင်းရုပ်၊ ခြင်္သေ့ရုပ်၊ ပန်းခွက်ပုံတို့ကို တွေ့မြင်နိုင်သည်။ ထူးခြားချက်တစ်ခုမှာ ဂူနံရံအတွင်း ထုဆစ်ထားသော ဆင်းတုတော်များမှာ ပလ္လင်ပေါ်၌ တင်ထားခြင်းမဟုတ်ဘဲ ဆင်းတုတော်၊ ပလ္လင်နှင့် ကျောက်နံရံတို့မှာ တစ်ဆက်တည်း ထွင်းထုထားခြင်းဖြစ်သည်။

မင်းဗာဘုရင်မင်းမြတ် နန်းတတ်အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သောဂူကိုးဂူ -

ကျောက်တစ်လုံးဂူ

- နတ်တောင်ပြင်ဂူ

- တောင်ညိုဂူ

- ကြိမ်ခွေမော်ဂူ

- ဂူဝဂူ

- ဇီးကိုင်းဂူ

- ကူတောင်ဂူ

- နိုင်ငံတောင်ဂူ

- ပိုးရွှီပြင်ဂူတို့ ဖြစ်သည်။