"သံဖြူဇရပ်"

သံဖြူဇရပ်မြို့နယ်ကို ရပ်ကွက် ၁၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ ကျေးရွာပေါင်း ၆၈ ရွာဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းလူဦးရေမှာ ၁၆၃၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ သံဖြူဇရပ်မြို့နယ်သည် အရှေ့မှအနောက်သို့ ၈.၂၅ မိုင်၊ တောင်မှမြောက်သို့ ၄၀ မိုင် ရှည်လျားသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၃၁၇.၆၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ဘက်တွင် ရေးမြို့နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ မြောက်ဘက်တွင် မုဒုံမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ မြစ်ချောင်းများပေါများပြီး အရှေ့မှအနောက်သို့ စီးဆင်းလျက် ရှိသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၀၀ ပေအထက်တွင် တည်ရှိသည်။ ရာသီဥတုမှာ အပူပိုင်းရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၃၃.၈˚C ဖြစ်သည်။ ရာဘာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ရာဘာဖြစ်သည်။ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့ ကုန်းလမ်း၊ ရေလမ်းများဖြင့် သွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ သံဖြူဇရပ်ဟူသောအမည်သည် ဂျပန်ခေတ်က ပေါ်ပေါက်ခဲ့သော သေမင်းတမန် မီးရထားလမ်းကြောင့် မြန်မာနိုင်ငံတွင်မက ကမ္ဘာသို့ပင် ထင်ရှားကျော်ကြားခဲ့သည်။ သံဖြူဇရပ်မြို့နယ်မှ စက်စဲကမ်းခြေနှင့် ကျိုက္ခမီရေလယ် ဘုရားမှာလည်း ထင်ရှားသည်။

Attractions in သံဖြူဇရပ်