နတ်တောင်ပြင်ဂူ

Listing Description

ပေါက်တောမြို့ တောင်ရင်းကျွန်းအရပ် နတ်တောင်ပြင်ရွာ၏ အနောက်ဘက် တန်းတင်တောင်တန်းတွင် တည်ရှိပါသည်။ မြောက်ဦးခေတ် မင်းဗာဘုရင်မင်းမြတ်သည် နန်းတက်အထိမ်းအမှတ် ဂူဘုရားကိုးဆူ တည်ထားကိုးကွယ်ရာ ဤနတ်တောင်ပြင်ဂူဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။

နတ်တောင်ပြင်ဂူမှာ သဘာဝကျောက်တောင် မျက်နှာပြင်၌တည်ရှိနေပြီး မြေပြင်မှဂူရှိရာသို့ လှေကားထစ်အတိုင်း ပေ ၇၀ ခန့်အမြင့်သို့ တက်ရောက်ရပါသည်။ ဂူမှာ အရှေ့ဘက်သို့ မျက်နှာမူလျက်ရှိနေပြီး အပိုင်းလိုက် အတန်းလိုက် တောင်မြောက်သွယ်တန်းနေကြသည်။

တောင်ဘက်မှအပိုင်းသည် ဂူပေါက်နှစ်ခုရှိရာ ဂူပေါက်၏ဝင်ဝအမြင့်မှာ ၆၁ လက်မရှိပြီး အနံအကျယ်မှာ ၂၃ လက်မရှိသည်။ ဂူဝင်ဝ မျက်နှာပြင်ပေါ်၌ ပန်းကွက်များ ထုဆစ်ထားသည်။ ဂူအတွင်းပိုင်းသည် ဝင်ဝထက်ပိုမြင့်လျက် ဂူတွင်းထဲ၌ ဘုရားဆင်းတုတင်ရန် ပလ္လင်ခုံရှိပြီး ယင်း၌ဆင်းတုများကို တင်ထားသည်။

မြောင်ဘက်အပိုင်းသည် ဂူပေါက်သုံးပေါက်ရှိရာ ဂူ၏ဝင်ဝအမြင့်မှာ ၆၆ လက်မရှိပြီး အနံအကျယ်မှာ ၈၂၃ လက်မရှိသည်။ ဤဂူ၏ ဝင်ဝမျက်နှာပြင်ထိပ်စည်းတို့၌ ပန်းကွက်များပုံကို ထုဆစ်ထားသည်။ ဂူတွင်းထဲ၌ ဆင်းတုတော်များကို တင်ဆောင်ရန် ပလ္လင်ခုံပါရှိသည်။

အလယ်အပိုင်းသည် မုခ်ဝင်ပေါက်လေးပေါက်ပါရှိသော ဂူဖြစ်သည်။ မုခ်ဝင်ဝ၏အမြင့်သည် ၆၆ လက်မရှိပြီး အနံအကျယ်မှာ ၂၀ လက်မရှိသည်။ ဂူ၏ဝင်ဝ မျက်နှာအသီးသီး၌ ပန်းကွက်များ ထုဆစ်ထားသည်။ ဂူအတွင်းထဲ၌ ဆင်းတုတင်ရန် ပလ္လင်ပါရှိပြီး ယင်း၌ ဆင်းတုငယ်များကို တွေ့ရသည်။

မင်းဗာဘုရင်မင်းမြတ် နန်းတတ်အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သောဂူကိုးဂူ -

ကျောက်တစ်လုံးဂူ

- နတ်တောင်ပြင်ဂူ

- တောင်ညိုဂူ

- ကြိမ်ခွေမော်ဂူ

- ဂူဝဂူ

- ဇီးကိုင်းဂူ

- ကူတောင်ဂူ

- နိုင်ငံတောင်ဂူ

- ပိုးရွှီပြင်ဂူတို့ ဖြစ်သည်။