"ကျောက်တော်"

ကျောက်တော်မြို့နယ်ကို ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၇၉ စု၊ ကျေးရွာပေါင်း ၂၈၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၂၀၀၀၀ ကျော် နေထိုင်ပါသည်။ ကျောက်တော်မြို့နယ်သည် အရှေ့မှအနောက်သို့ ၁၉ မိုင်၊ တောင်မှမြောက်သို့ ၃၅ မိုင်ရှည်လျားပြီး စတုရန်းမိုင်ပေါင်း ၆၇၅.၅၅ မိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၁၃ ပေ အထက်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ကျောက်တော်မြို့နယ်သည် မြေနိမ့်လွင်ပြင် ၇၀% ရှိပြီး တောင်ကုန်းတောင်တန်း ၃၀% ရှိပါသည်။ မြစ်ချောင်းများ ပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ကုလားတန်မြစ်သည် ထင်ရှားပြီး ကျောက်တော်မြို့အနီးမှ ဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပါသည်။ ကျောက်တော်မြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂.၅˚C ဖြစ်သည်။ ကျောက်တော်မြို့နယ်သည် စီးပွားရေးအချက်အချာကျသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ကျောက်တော်မြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းများဆုံရာတွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။

Attractions in ကျောက်တော်