ရန်အောင်ချမ်းသာဘုရားကြီး

Listing Description

ရန်အောင်ချမ်းသာဘုရားကြီးသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာအုပ်စု မြို့ပတ်လမ်း ရန်ကင်းတောင်ခြေအနီးတွင် တည်ရှိသည်။ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး ဘဒ္ဒန္တကုလရက္ခိတ၏ ဦးဆောင်မှုဖြင့် တပည့်ဒါယိကာ/ဒါယိကာမများ ခုနှစ်ရက်သားသမီးများ စုပေါင်းကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် နေ့တွင် ဉာဏ်တော် အတောင်ကိုးဆယ် ပေ ၁၃၅ ရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ငွေကျပ်သိန်းပေါင်း ၃၄၀၀၀ ကျော် အကုန်အကျခံ တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားကြီး တည်ထားရန်မြေ ၄ ဧကအား ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်နှင့် ဇနီးဒေါ်အေးအေးဝင်း မိသားစုမှလှူဒါန်းခဲ့သည်။ ရန်အောင်ချမ်းသာဘုရားကြီး၏ အရှေ့ဘက်မုခ်တွင် ရှမ်းလက်ရာမုခ်ဦး၊ ကျားရုပ်၊ ဉာဏ်တော် ၂၄ ပေရှိ အရံစေတီ ၂၃ ဆူ၊ အနောက်ဘက်တွင် မွန်လက်ရာမုခ်ဦး၊ မနုဿီဟရုပ်၊ ဉာဏ်တော် ၂၄ ပေရှိ အရံစေတီ ၂၃ ဆူ၊ တောင်ဘက်တွင် ရခိုင်ကိုယ်စားပြု ရခိုင်မုခ်ဦး၊ ဘီလူးရုပ်၊ အရံဘုရားပုထိုးတော် ၂၂ ဆူ၊ မြောက်ဘက်တွင် မြန်မာကိုယ်စားပြု မြန်မာလက်ရာမုခ်၊ ခြင်္သေ့ရုပ် ဉာဏ်တော် ၂၄ ပေရှိ အရံစေတီ ၂၂ ဆူ၊ ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏ ချစ်ခင်ရင်းနှီးမှုအား ကိုယ်စားပြု၍ တန်ခိုးကြီးစေတီပုထိုးတို့၏ ဗိသုကာ ပညာရပ်များအား အရပ်လေးမျက်နှာတွင် အရံစေတီ ပုထိုးပေါင်း ၉၀ ဆူတည်ထားပြီး ကြာပလ္လင်ခံ ထိုင်တော်မူဘုရား(၈)ဆူနှင့် မြတ်စွာဘုရား၏ ခြေတော်ရာ တစ်စုံကိုလည်း ဆရာတော်ကြီး၏ လမ်းညွန်ဆုံးမမှုဖြင့် တည်ထားကြောင်းလည်း သိရပါသည်။