ရွှေတောင်စားစေတီ

Listing Description

ရွှေတောင်စားစေတီသည် ထားဝယ်မြို့ ပိန္နဲတောရပ်၊ ရွှေကျောင်းကြီးကျောင်းဝင်းအတွင်း တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၁၂၄ ခုနှစ်တွင် မင်းရှင်ဇော်(ခေါ်)ရွှေတောင်စားမင်း တည်ထားကိုးကွယ်ခဲ့ပါသည်။ ရွှေတောင်စားဘုရားကြီးတည်ရှိရာ သာသနိက မြေအကျယ်အဝန်း ၅  ဧက ပတ်လည်တွင် ဘုန်းတော်ကြီးကျောင်းများ အရပ်လေးမျက်နှာ ဝန်းပတ်ဝိုင်းရံ ထားကြပါသည်။ သက္ကရာဇ် ၁၂၃၇ ခုနှစ်တွင် ထား၀ယ်သူ၊ထား၀ယ်သားများ၏ လျှောက်ထားတောင်းပန်ချက်အရ မင်းတုန်းမင်းတရားကြီးလှူဒါန်းလိုက်သော လောကမာရဇိန်ရုပ်ပွားတော်ကြီးကို ရွှေတောင်စားစေတီတော်ကြီး၏ မြောက်ဘက် မြေကွက်လပ်တွင် ဂန္ဓကုဋိတိုက်တော်ကြီးဖြင့် ကြီးကျယ်ခမ်းနားစွာ ပူဇော်ထားခဲ့ပါသည်။ ရွှေတောင်စားစေတီတော်ကြီးနှင့် လောကမာရဇိန်ဘုရာကြီးတည်ရှိရာဖြစ်၍ "ဘုရားကြီး၀င်း"ဟု ယနေ့တိုင်ခေါ်ဆိုနေကြခြင်းဖြစ်ပါသည်။