ပိုးရွှီပြင်ဂူ

Listing Description

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာ အနီး ဂူပေါက်နှစ်ပေါက်ရှိ ဂူဘုရား ဖြစ်သည်။ ပိုးရွှီပြင်ဒေသသည် တောဖျားချောင်း၏ လက်ဝဲကမ်း၊ ချောင်းဝမှဝင်လျှင် လေးမိုင်ခန့်အကွာတွင်တည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုး အများအပြား နေထိုင်ကြပြီး စီးပွားရေး အချက်အချာကျသည့် ဒေသတစ်ခုဖြစ်သည်။ မြောက်ဦးခေတ် မင်းဗာဘုရင်မင်းမြတ်သည် နန်းတက်အထိမ်းအမှတ် ဂူဘုရားကိုးဆူ တည်ထားကိုးကွယ်ရာ ဤပိုးရွှီပြင်ဂူဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။

 

မင်းဗာဘုရင်မင်းမြတ် နန်းတတ်အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သောဂူကိုးဂူ -

ကျောက်တစ်လုံးဂူ

- နတ်တောင်ပြင်ဂူ

- တောင်ညိုဂူ

- ကြိမ်ခွေမော်ဂူ

- ဂူဝဂူ

- ဇီးကိုင်းဂူ

- ကူတောင်ဂူ

- နိုင်ငံတောင်ဂူ

- ပိုးရွှီပြင်ဂူတို့ ဖြစ်သည်။