"ဟားခါး"

ဟားခါးမြို့နယ်တွင် ဆူရ်ခွားမြို့အပါ ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၂၉ စု၊ ကျေးရွာပေါင်း ၆၈ ရွာပါဝင်ပြီး လူဦးရေပေါင်း ၅၁၀၀၀ ကျော် နေထိုင်ပါသည်။ ဟားခါးမြို့နယ်သည် အရှေ့မှအနောက်သို့ ၃၆ မိုင်၊ တောင်မှမြောက်သို့ ၄၅ မိုင် ရှည်လျားပြီး ၁၆၀၈ စတုရန်း မိုင် ကျယ်ဝန်းပါသည်။ ဟားခါးမြို့နယ်၏ မြောက်ဘက်တွင် ဖလမ်းမြို့နယ်၊ အရှေ့ဘက်တွင် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်တို့ တည်ရှိပါသည်။ ဟားခါးမြို့နယ်သည် တောတောင်ထူထပ်ပြီး တောင်တန်းများသည် ပေ ၃၀၀၀ ကျော်မှ ပေ ၈၀၀၀ ကျော် မြင့်မားပါသည်။ အမြင့်ဆုံးတောင်မှာ ဘွေပါးတောင် (၈၈၇၃ပေ) ဖြစ်ပြီး ဇိန်မှုတောင်၊ ပေါ်ပီးတောင်၊ ရုန်းတောင်တို့မှာလည်း ထင်ရှားသည်။ ဟားခါးမြို့နယ်တွင် သီမြစ် (ခ) ဘွေနူးမြစ်မှာ ထင်ရှားပြီး မြောက်မှတောင်သို့ စီးဆင်းပါသည်။ တောင်ကျချောင်းများ ပေါများပြီး မြို့ အရှေ့ဘက်သို့ စီးဆင်းနေသော ဒေါင်ဗားချောင်းတွင် ရေအားလျှပ်စစ် ထုတ်လုပ်ပါသည်။ ဇဟောချောင်း၊ နွယ်ချောင်း၊ ဒေါင်ချောင်းတို့သည် ထင်ရှားသောချောင်းများဖြစ်သည်။ တောင်ကျချောင်းများ၊ သဘာဝစိမ့်စမ်း ရေထွက်နေရာများမှ ရေသွယ်၍ သောက်သုံးရေအဖြစ် သုံးစွဲလျှက်ရှိသည်။ ဟားခါးမြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၆၁၂၀ ပေ အထက်တွင် တည်ရှိပါသည်။ ဟားခါးမြို့နယ်သည် အအေးလွန်ကဲသော ရာသီဥတုရှိပြီး အနိမ့်ဆုံးအပူချိန်မှာ (-၄ ဒီကရီ စင်တီဂရိတ်) ဖြစ်သည်။ ဟားခါးမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဒေသထွက်ကုန် ထွက်ရှိမှု အားနည်းခြင်း တို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မြို့နယ်တစ်ခုဖြစ်သည်။

Attractions in ဟားခါး