"မိုးညို"

မိုးညိုမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၇ စု၊ ကျေးရွာပေါင်း ၂၁၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၃၇၃၉၄ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၂၄၆.၉ စတုရန်းမိုင်ရှိပါသည်။ မိုးညိုမြို့နယ်၏အရှေ့ဘက်တွင် မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ နတ်တလင်းမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့်ဆက်လျှက် ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ တောင်ဘက်တွင် လက်ပံတန်းမြို့နယ်နှင့် မြောက်ဘက်တွင် ရွှေတောင်မြို့နယ်၊ အရှေ့မြောက်ဘက်တွင် ကြို့ပင်ကောက်မြို့နယ်တို့ရှိပါသည်။

မိုးညိုမြို့နယ်၏ မြေမျက်နှာသွင်ပြင်သည် ညီညာပြန့်ပြူးသည့် သွင်ပြင်လက္ခဏာရှိသော်လည်း .. အင်းအိုင်ပေါများပါသည်။  မြို့နယ်ကို အရှေ့မှအနောက်သို့ဖြတ်သန်းစီးဆင်းသည့် ချောင်း(၃)ချောင်း ရှိပါသည်။ ဆင်ခေါင်းချောင်းမှာ ဆင်ခေါင်းအုပ်စု ဆင်ခေါင်းရွာအနီးမှ လည်းကောင်း၊ ဘုရားဖြူချောင်းသည် မြစ်သာအုပ်စု . မြစ်သာရွာအနီးမှ လည်းကောင်း၊ သနပ်ချောင်းသည်ကြို့ပင်သာအုပ်စု ထွဋ်မြတ်ရွာအနီးမှ လည်းကောင်း၊ ဖြတ်သန်း စီးဆင်းပြီး၄င်းချောင်းများသည် မြစ်မခမြစ် လက်တက်နှင့် ဧရာ၀တီမြစ်ကို ဆက်သွယ်ပေးထားပါသည်။

ရေဆင်းနှင့် ရေအရင်းအမြစ်များအနေဖြင့် ဧရာဝတီမြစ်သည် မိုးညိုမြို့နယ်အတွင်း လက်ပံခုံအုပ်စု၊ရေလယ်သောင်အုပ်စု၊ ဆင်မနိုင် အုပ်စု၊ ရှားတောကျွန်းအုပ်စု၊ ဟင်္သာချောင်အုပ်စု၊ မြေဇာအုပ်စု၊အိုးဘိုကျွန်းအုပ်စု၊ ဆုံကုန်းအုပ်စု ၊ ရေကင်းအုပ်စု ၊ ကျွန်းညိုအုပ်စု၊ စပါယ်မျှောင်အုပ်စု၊ ဝဲကြီးအုပ်စု၊ ညောင်ဝိုင်းအုပ်စု၊ ပေါက်ကုန်းအုပ်စု၊ အင်းတ္တော်လုပ်အုပ်စုနှင့် ထိန်တောအုပ်စုတို့မှ ၃၈မိုင် ဖြတ်သန်း စီးဆင်းပြီး၊ မြစ်မခမြစ်သည် . ဖန်ခါးပင်အုပ်စု၊ ဆင်ခေါင်းအုပ်စု၊ မင်းဒူးအုပ်စု၊ ဖလံချောင်အုပ်စု၊ ညောင်လေးပင်အုပ်စု၊ မြစ်သာအုပ်စု၊ ကျောက်ဝအုပ်စု၊ မြောက်လုပ်ကုန်းအုပ်စု၊ ရွာသာယာအုပ်စု၊ ထန်းပင်ကုန်းအုပ်စု၊ တက်ဆွဲ အုပ်စု၊ သာယာကုန်းအုပ်စု၊ ဘုရားငူအုပ်စု၊ ရွှေခဲအုပ်စု၊ ကြို့ပင်သာ အုပ်စု၊မတော့ကုန်းအုပ်စုနှင့်ဇင်းချောင်းအုပ်စုများကို ဖြတ်သန်း စီးဆင်း လျှက်ရှိပါသည်။ မိုးညိုမြို့နယ်တွင် အင်းပေါင်း (၇၄) အင်းရှိပါသည်။ ရေနက်ကွင်းဒေသ - ဖြစ်သောကြောင့် သဘာဝသစ်တောကြီးများ ပေါက်ရောက်ခြင်း မရှိဘဲ ကိုင်းပင်၊ ကျူပင်များသာ ပေါက်ရောက်ပြီး ကိုင်းတော၊ ကျူတောများကိုသာ အများဆုံးတွေ့ရှိရပါသည်။

ဒေသသမိုင်းအကျဉ်း

မိုးညိုမြို့နယ်အား အမည်စတင်သတ်မှတ်သည့်ကာလနှင့် အမည် ခေါ်တွင်ပုံအမျိုးမျိုး ရှိခဲ့သော်လည်း အဖြစ်နိုင်ဆုံး သာဓကတစ်ခုမှာ အလောင်းစည်သူမင်းတရားကြီး တိုင်းခန်းလှည့်လည်တော်မူစဉ် ယခုဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရွှေကျင်ရွာ အနီးရှိ ပဲတစ်ခွဲရွာအရောက်၌ ဖောင်တော်ခေတ္တနားနေစဉ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သို့ မျှော်ကြည့်ရှု ခိုက်အချိန် ကုန်းအနည်းငယ်မြင့်မြင့် သီးပင်စားပင်တို့နှင့် စိမ်းညို့ညို့ ကျွန်းကလေးအားတွေ့မြင်ရကြောင်း “မိုးညို”ခေါ်တွင် စေခဲ့ကြောင်းနှင့် နောင်တွင်ကာလရွှေ့လျား၍ “မိုးညို” ဟု ဖြစ်ပေါ်လာကြောင်း၊ ရွာမှာ တစ်ဖြည်းဖြည်းကြီးမားလာကာ “မိုးညိုမြို့” ဟု ဖြစ်ပေါ်လာကြောင်း လေ့လာသိရှိရပါသည်။ မိုးညိုမြို့ တည်ထောင်သည့် ခုနှစ်ကို မြန်မာ့တဘောင်အရ “ ဥဩညီနောင် မြို့တည်ထောင် ” ဟု ပေါ်ခဲ့သဖြင့် မြန်မာ သက္ကရာဇ် ၁၁၃၇ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၇၅ ခုနှစ်မှ စတင်တည် ထောင်ခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။

မိုးညိုမြို့သည် ၁၉၇၅ ခုနှစ်မှစ၍ ဧရာဝတီမြစ်ကမ်း ပြိုခဲ့ရာ ၁၉၈၅ ခုနှစ်၌ ယခုမြို့သစ်နေရာသို့ တတိယအကြိမ် ပြောင်းရွှေ့တည် ထောင်ခဲ့ပါသည်။ . မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ် ပြောင်းရွှေ့ ခဲ့ရ၍ “အောင်ဇေယတုမြို့သစ်ပြု” ဟုအဆိုရှိခဲ့ပါသည်။

Attractions in မိုးညို