"ထန်းတပင်"

ထန်းတပင်မြို့နယ်သည် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၂၉ စု၊ ကျေးရွာပေါင်း ၁၀၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၃၁၆၈၄ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာ အကျယ်အဝန်း ၁၃၃၁၀၉ ဧကရှိပြီး အရှေ့မှ အနောက်သို့ ၁၄.၅ မိုင်နှင့် တောင်မှမြောက်သို့ ၂၄ မိုင်ရှည်လျားပါသည်။ ထန်းတပင်မြို့နယ်၏ အရှေ့ဘက်တွင် ကရင်ပြည်နယ်ရှိသံတောင် မြို့နယ်၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊ အနောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ဖြူးမြို့နယ်၊ မြောက်ဘက်တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိသည်။ ထန်းတပင်မြို့နယ်သည် ညီညာပြန့်ဖြူးသောမြေပြန့်လွင်ပြင်ဖြစ်ပြီး အချို့နေရာများတွင် ချိုင့်ဝှမ်းများရှိ၍ အင်းအိုင်များအဖြစ်တည်ရှိပါသည်။ မြို့နယ်၏အရှေ့ဘက်ရှိ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်အစပ်တွင် တောင်တန်းများ တည်ရှိပါသည်။ မြို့နယ်အတွင်း ထင်ရှား သောမြစ်မှာ စစ်တောင်းမြစ်ဖြစ်ပြီး ထန်းတပင်မြို့အနီးမှ ဖြတ်၍ ထူးခြားစွာ အရှေ့မှအနောက်သို့ စီးဆင်း၍ မုတ္တမပင်လယ်ကွေ့သို့စီးဝင်ပါသည်

ဒေသသမိုင်းအကျဉ်း

ထန်းတပင်မြို့နယ်သည် မဏိစည်သူမင်းကြီး ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်လာခြင်း ယခုထန်းတပင်ဒေသသို့ ရောက်ရှိပြီး ဖောင်တော်ရပ်နားနေခိုက် နေပြည်တော်တွင်ကျန်ရှိသော  သားတော် သမီးတော်ကို လွမ်းဆွတ်တမ်းတသောကြောင့် ဤအရပ်ကို တမ်းတပင်ဟု သမုတ်ခဲ့ရာ ကာလရွေ့လျားလာသောအခါ ထန်းတပင်ဖြစ်လာသည်ဟု အဆိုရှိပါသည်။ ဘုရင်မှဗုံမတီးရဟု သတ်မှတ်ထားသောနေရာမှာ ယခု ဘုံမ္မတီး ကျေးရွာဖြစ်ကြောင်း သိရှိရပါသည်။ ထန်းတစ်ပင်တည်ရှိသော အရပ်ကိုအစွဲပြု၍ တန်းတပင်ဟု သတ်မှတ်ကြောင်းကိုလည်းကြားသိရပါ သည်။ တောင်ငူခေတ်တွင် ထန်းတပင်ရွာမအမည်ဖြင့် တည်ရှိခဲ့ကြောင်း ရှေ့လူကြီးအစဉ်အဆက်က ပြောဆိုခဲ့ကြပါသည်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် ထန်းတပင်မြို့နယ်သည် တောင်ငူခရိုင်အတွင်း ပါဝင်ဖွဲ့စည်းထားသော မြို့နယ်ဖြစ်ကြောင်း၊ ယခုထန်းတပင်မြို့အနီး တပြေးကျေးရွာတွင် မြို့ပိုင်ရုံးနှင့် ရဲဌာနတို့ကိုဖွင့်လှစ်ခဲ့ကြောင်း၊ ယောက်သဝရွာတွင်လည်းကောင်း ရဲစခန်း တစ်ခု တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ဖဆပလခေတ် ၁၉၅၄ ခုနှစ်တွင် ထန်းတပင်ရွာမကို . ပြည်တော်သာရပ်ကွက်၊ ကျောင်းကြီးရွာပိုင်းကို ဗိုလ်ချုပ်ရပ်ကွက်၊ ညောင်တိုရွာပိုင်းကို ဝန်ကြီးချုပ်ရပ်ကွက်၊ ထန်းကုန်းရွာ ပိုင်းကိုသခင်မြရပ်ကွက်ဟု ရပ်ကွက်(၅)ရပ်ကွက်ဖြင့်ဖွဲ့စည်းအမည်တွင်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၀၄ ခုနှစ်တွင်ခေတ်နှင့်လျော်ကန်သင့်မြတ်မှုမရှိတော့သည့် ရပ်ကွက်အမည်များအား ပြောင်းလဲသတ်မှတ်ခဲ့ရာ သမ္မတရပ်ကွက်အား အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်ရပ်ကွက်အား သီရိဟေမာရပ်ကွက်၊ ဝန်ကြီးချုပ်ရပ်ကွက်အား အောင်ချမ်းသာရပ်ကွက်၊ ပြည်တော်သာရပ်ကွက် အား သီရိရတနာရပ်ကွက်၊ သခင်မြရပ်ကွက်အား အောင်သုခရပ်ကွက်သို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ ၂၀-၂၂-၂၀၀၇ ရက်နေ့တွင် ပြည်ထဲ ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ထန်းတပင်မြို့ရှိ ဆိပ်ကြီးကျေး ရွာအုပ်စုအား ရပ်ကွက်အဖြစ်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ယခုကာလ တွင် ထန်းတပင်မြို့နယ်သည် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာခွဲပေါင်း ၁၀၇ ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။

Attractions in ထန်းတပင်