"ရပ်စောက်"

ရပ်စောက်မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၈ မိုင်၊ တောင်မှမြောက်သို့ ၃၃ မိုင် ရှည်လျားပြီး ၂၀၃၃.၁၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၃၀၅၀ ပေအထက်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် ဟိုပုံးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်၊ တောင်ဘက်တွင် ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ တောင်ကြီးမြို့နယ်၊ အနောက်ဘက်တွင် ရွာငံမြို့နယ်၊ မြောက်ဘက်တွင် အင်တောမြို့နယ်တို့ တည်ရှိသည်။ ရပ်စောက်မြို့နယ်တွင် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၁၈ စု၊ ကျေးရွာပေါင်း ၂၃၁ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၁၅၀၀၀၀ ကျော် နေထိုင်ပါသည်။ ရပ်စောက်မြို့နယ်သည် ယေဘုယျအားဖြင့် တောတောင်ထူထပ်သော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်၏ အနောက်ဘက်ခြမ်းသည် တောတောင်ထူထပ်ပြီး မြို့နယ်၏ အနောက်ဘက်ခြမ်းသည် တောတောင်များမရှိပါ။ အင်တောနှင့် ကျိုင်းခမ်းတည်ရှိရာ အရှေ့ဘက်တွင် သစ်တောများ ထူထပ်ပါသည်။ ရပ်စောက်မြို့နယ်တွင် ဇော်ဂျီချောင်း တစ်ချောင်းသာရှိပြီး တောင်မှ မြောက်သို့ စီးဆင်းသည်။ နန့်လန်ချောင်းသည် ဟိုပုံးမြို့မှ မြစ်ဖျားခံ၍ ဒုတ္ထဝတီမြစ်အတွင်းသို့ စီးဆင်းလျှက်ရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄˚C ဖြစ်သည်။ ရပ်စောက်မြို့နယ်သည် စီးပွားရေး အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ကုန်းလမ်းကို အဓိကအသုံးပြုပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ အဓိကထွက်ကုန်မှာ အစေ့ထုတ်ပြောင်း၊ ပဲစဉ်းငုံ၊ သရက်သီးတို့ ဖြစ်သည်။

Attractions in ရပ်စောက်