"သာယာဝတီ"

သာယာဝတီမြို့နယ်သည် ရပ်ကွက် ၂၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၈ စု၊ ကျေးရွာပေါင်း ၂၆၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၆၁၉၆၁ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၃၉၈.၈၉ စတုရန်းမိုင်ရှိပါသည်။ သာယာဝတီမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ တောင်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

သာယာဝတီမြို့နယ်သည်အရှေ့ခြမ်းတွင် ကုန်းမြင့်ပိုင်း၊ အနောက် ခြမ်းတွင် အနိမ့်ပိုင်း၊ အလယ်ခြမ်းတွင် မြေပြန့်ပိုင်းရှိပါသည်။ မြစ်ချောင်းများနည်းပါးသည့်ဒေသတစ်ခု ထင်ရှားသော သုံးဆယ်ချောင်းမှာ သုံးဆယ်မြို့အလယ်မှဖြတ်၍ အရှေ့မှ အနောက်သို့ စီးဆင်းပါသည်။ ယင်းသုံးဆယ်ချောင်းသည် မြို့နယ် အနောက်ခြမ်းရှိ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည့် မြစ်မခမြစ် (ဖိုးခေါင်မြစ်) အတွင်းသို့ ဖိုးခေါင်ကျေးရွာတွင် ပေါင်းစည်း၍ စီးဆင်း လျက်ရှိပါသည်။

Attractions in သာယာဝတီ