"ဖာပွန်"

ဖာပွန်မြို့နယ်သည် အရှေ့မှအနောက်သို့ ၄၈ မိုင်၊ တောင်မှမြောက်သို့ ၁၀၆ မိုင် ရှည်လျားပါသည်။ ဖာပွန်မြို့နယ်တွင် ရပ်ကွက် ၈၊ ကျေးရွာအုပ်စု ၃၃၊ ကျေးရွာပေါင်း ၃၀၅ ရွာ ပါဝင်ပြီး လူဦးရေစုစုပေါင်းမှာ ၁၂၂၀၀၀ ကျော် နေထိုင်ကြသည်။ ဖာပွန်မြို့နယ်သည် ၂၅၉၅.၅၇ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် သံလွင်မြစ်၊ ထိုင်းနိုင်ငံနှင့် လှိုင်းဘွဲ့မြို့နယ်၊ အနောက်ဘက်တွင် ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ မြောက်ဘက်တွင် သံတောင်ကြီးမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၀ ပေအထက်တွင် တည်ရှိသည်။ မြေပြန့်နည်းပါးပြီး တောင်ကုန်း တောင်တန်း မြစ်ချောင်းများ ထူထပ်ပေါများသည်။ သံလွင်မြစ်နှင့် ယွန်းစလင်းမြစ်တို့မှာ ထင်ရှားသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေများ အသုံးပြုနိုင်သည်။ မြစ်ချောင်းများမှာ ကျဉ်းမြောင်းသော်လည်း ရာသီမရွေး သွားလာနိုင်သည်။ အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၄၁˚C ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ဖာပွန်မြို့နယ်သည် လမ်းဆုံးမြို့ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ အဓိက ထွက်ကုန်များမှာ သစ်မာ၊ ဝဥ၊ ဖာလာတို့ဖြစ်ကြသည်။

Attractions in ဖာပွန်