ဖိုးကျော့

Listing Description

စာရေးဆရာ ဖိုးကျော့ကို ၁၃၀၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁)ရက်(၄.၈.၁၉၄၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာ၌ အဖ-ဦးဘောက်ဖြူ၊ အမိ-ဒေါ်ချက်တောင်းမတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်သည်။ မွေးချင်း(၉)ယောက်အနက်မှ တတိယမြောက်ဖြစ်သည်။ ငယ်စဉ်က ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။

၁၉၅၆ - အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ ဆင်မာန်နှင့် ငှက်ဉာဏ် အခန်းဆက်ဝတ္ထုရှည်ဖြင့် စာပေ နယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၆ - အောက်တိုဘာလထုတ်မြဝတီမဂ္ဂဇင်းပါ ဆင်လိုက်ခြင်း ဝတ္ထုမှာ အလယ်တန်းမြန်မာစကားပြေ လက်ရွေးစင် တွင်ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်းခံခဲ့ရသည်။ ဝတ္ထုတိုအချို့ကို ဂျပန်နှင့်ဗီယက်နမ် နိုင်ငံတို့တွင် ဘာသာပြန်၍ ထုတ်ဝေဖူးသည်။

၁၉၇၀ - အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ နတ်မလိုက်သောနေ့ ဝတ္ထုကို ဂျပန်နိုင်ငံ နိုင်ငံခြားဘာသာ သင်တက္ကသိုလ်မှ ပါမောက္ခ တိုရူအိုနိုက ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။

၁၉၇၂ - မြေဆီမဲမဲ သွေးရဲရဲ၊ အောင်ပွဲသို့ချီရာဝယ် ဝတ္ထုများထွက်(အောင်ပွဲသို့ချီရာဝယ်-ဝတ္ထုရှည်ဖြင့် ယင်းနှစ် အတွက် အမျိုးသားစာပေဝတ္ထုရှည်ဆုရ။)

၁၉၇၃ - လွန်လေပြီးသောအခါ၊ လောဘမြစ်ပင်လယ်၊ ချစ်ငြိုးရစ်ချည်၊ ငြိုးမာန်လျှော့ပြေ၊ ဝမ်းရေးထက်ပင် ခက်ပါသည် စသောဝတ္ထုများထွက်။

၁၉၇၄ - ဆင်လုပ်သား၊ အမှောင်လမ်းကသူတို့အပြန် စာအုပ်များထွက်။

၁၉၈၁ - မျှော်ရသူတို့ဗျာပေါဝ၊ ခပ်သိမ်းသောမြစ်တို့ကဲ့သို့ စာအုပ်များထွက်။

၁၉၈၂ - ပြန်မပြောချင်ဘူး ဝတ္ထုထွက်။

၁၉၈၃ - ဟူးကောင်းတောင်ကြား၊ အလွမ်းကန္တာ- တောကန္တာ၊ ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ စာအုပ်များ ထွက်။

၁၉၈၅ - သမုဒယဤပင်လယ် ဝတ္ထုထွက်။

၁၉၉၀ - အင်တွဲပွဲလျက် အရှာထွက် ဝတ္ထုရှည်စာမူဖြင့် စာပေဗိမာန်စာမူဝတ္ထုရှည် ဒုတိယဆုရ။

၁၉၉၁ - သေရွာပြန်တို့၏ အဏ္ဏဝါခရီး စာမူဖြင့် စာပေဗိမာန်ဝတ္ထုရှည်-ဒုတိယဆုရ။

၁၉၉၃ - အင်တွဲပွဲလျက်အရှာထွက် စာအုပ်ထွက်။ မြန်မာ့မုဆိုး ဝတ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ဒုတိယ ဆုရ။

၂၀၀၁ - သေရွာပြန်တို့၏အဏ္ဏဝါခရီး စာအုပ်ထွက်။

၂၀၀၂ - ကမ္မဇဒ္ဓိ ဝတ္ထုထွက်။

၂၀၀၃ - ဆင်သင်္ချိုင်းရှာပုံတော်၊ ဆင်သေကုန်း၊ ရာဇဌာနီ၊ မြန်မာပြည် မြောက်ဖျားမှ စသောစာအုပ်များထွက်။ နောက်ပိုင်းတွင်ဆက်လက်၍ နန်းရပ်ထီးဖြူ လုယူမယ်မြင်သည်၊ မြေထုမြင်းမိုပြိုပါလေလျှင်၊ ဆောင်းရက်ရှည်တဲ့ နွေဒေသ ဝတ္ထုများထွက်။

၂၀၀၆ - မဟာလီဒို ဝတ္ထုထွက်။

ဆရာဖိုးကျော့သည် ယခုအချိန်ထိ ဝတ္ထုတို(၇၀)ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ်(၂၀)ကျော်၊ လုံးချင်း(၃၀)ခန့် ရေးသားပြီးဖြစ်သည်။ ယခင်က ပြည်သူ့ဂုံနီစက်ရုံတွင် စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စာပေ များ ဆက်လက်ရေးသားလျက် အမှတ်(၂)၊ စပယ်(၂)လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်တွင် ဇနီး-ဒေါ်ကြူကြူ ဝင်း၊ သားသမီး(၂)ဦးတို့နှင့်အတူ နေထိုင်လျက်ရှိ သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော ၁၀ ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲအခမ်းအနားမှ မြေဆီမည်းမည်း သွေးရဲရဲစာအုပ်ဖြင့် မဲခေါင်စာပေဆု ချီးမြှင့်ခဲ့သည်။

ထင်ရှားသောစာအုပ်အချို့

အောင်ပွဲသို့ချီရာဝယ်

မြေဆီမဲမဲ သွေးရဲရဲ

လောဘမြစ်ပင်လယ်

ဆင်လုပ်သား

ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ

အင်တွဲပွဲလျက် အရှာထွက်

သေရွာပြန်တို့၏ အဏ္ဏဝါခရီး

မြန်မာ့မုဆိုး

ဆင်သင်္ချိုင်းရှာပုံတော်နှင့် အခြား

ဆင်သေကုန်း

ကမ္မဇဒ္ဓိ

မြန်မာပြည်မြောက်ဖျားမှ နဂါးမီးတောက်နှင့် ထူးဆန်းအံ့ဖွယ်

မဟာလီဒ

ရေအောက်မြို့တော်

အလွမ်းနှင့်သာ နေတော့မည်

ဂမ္ဘီရပင်လယ်

ခပ်သိမ်းသောမြစ်

ကျားဘီလူးနှင့် အခြား

ကျားနာမျက်ကန်း

ရေခဲပြင်ပေါ်က တောင်နဂါးကြီးနှင့်

ဟူးကောင်းတောင်ကြား

ဟိမဝန္တာကလာသူ

သံသရာနောက်ဆုံးနေ့နှင့် အခြား

သမုဒယ ဤပင်လယ်

မီးလောင်မြေနှင့် အခြား

ဟေမန္တ၏ အလှဖျက်နွေ

မာယာမင်းသမီး

မဟာလီဒို

ပင်လယ်ကျားနှင့် အခြား

နတ်စောင့်ပျားနှင့် သားရဲတို့ရွာ