ဇီးကိုင်းဂူ

Listing Description

ရသေ့တောင်မြို့နယ် မူဇဲကျွန်း၏ အရှေ့တောင်ပိုင်း ဇီးကိုင်းကျေးရွာ၏ အနောက်ဘက် တောင်တန်းတွင် တည်ရှိသည်။ မြောက်ဦးခေတ် မင်းဗာဘုရင်မင်းမြတ်သည် နန်းတက်အထိမ်းအမှတ် ဂူဘုရားကိုးဆူ တည်ထားကိုးကွယ်ရာ ဤဇီးကိုင်းဂူဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ဤကျောက်ထွင်းဂူတွင် ဂူပေါက်ဝ ၉-ခုပါရှိပြီး ဂူတော်များအတွင်း၌ ဗုဒ္ဓဆင်းတုတော်ပေါင်း ၄၁-ဆူ ကိန်းဝပ်စံပယ် သီတင်းသုံးလျက်ရှိသည်။ ဂူတော်များ၏ နေရာအသီးသီး၌ ကျောက်ဆစ်လက်ရာ ရုပ်လုံးရုပ်ကြွမျိုးစုံကို ပီပြင်စွာ ထုဆစ်ထားသည်။

 

မင်းဗာဘုရင်မင်းမြတ် နန်းတတ်အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သောဂူကိုးဂူ -

ကျောက်တစ်လုံးဂူ

- နတ်တောင်ပြင်ဂူ

- တောင်ညိုဂူ

- ကြိမ်ခွေမော်ဂူ

- ဂူဝဂူ

- ဇီးကိုင်းဂူ

- ကူတောင်ဂူ

- နိုင်ငံတောင်ဂူ

- ပိုးရွှီပြင်ဂူတို့ ဖြစ်သည်။