"တောင်တွင်းကြီး"

တောင်တွင်းကြီးမြို့နယ်ကို ရပ်ကွက် ၁၀ခု၊ ကျေးရွာအုပ်စု ၇၂ စု၊ ကျေးရွာပေါင်း ၂၈၆ ရွာဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း လူဦးရေမှာ ၂၆၈၀၀၀ ကျော်ဖြစ်သည်။ တောင်တွင်းကြီးမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၇ မိုင်၊ တောင်မှမြောက်သို့ ၂၅ မိုင် ရှည်လျားပါသည်။ တောင်တွင်းကြီး မြို့နယ်သည် ၇၆၀ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်၊ တောင်ဘက်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အနောက်ဘက်တွင် မကွေးမြို့နယ်၊ မြောက်ဘက်တွင် မြို့သစ်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၅ ပေတွင် တည်ရှိပါသည်။ မြစ်ချောင်းအများစုမှာ အရှေ့မှအနောက်သို့ စီးဆင်းလျက်ရှိပြီး တောင်လှည့်ချောင်း၊ ဘရုံချောင်း၊ တောင်အူချောင်း သုံးခုသာ တောင်မှမြောက်သို့ စီးဆင်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၄၃၅) ပေအထက်တွင် တည်ရှိပါသည်။ ပူအိုက်ခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄.၉˚C ဖြစ်သည်။ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြပြီး ပွဲရုံလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြသည်။ အခြားဒေသများသို့ ကုန်းလမ်း ခရီးဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ စပါးဖြစ်သည်။

Attractions in တောင်တွင်းကြီး