"နောင်ချို"

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၁.၆.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် နောင်ချိုမြို့နယ်ကို ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၃၅ စု၊ ကျေးရွာပေါင်း ၂၅၃ ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။ လူဦးရေပေါင်း ၁၂၀၀၀၀ ကျော် နေထိုင်ပါသည်။ နောင်ချိုမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၇ မိုင် ၃ ဖာလုံ၊ တောင်မှ မြောက်သို့ ၃၅ မိုင် ရှည်လျားပြီး ၁၂၆၅.၆၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် ပြင်ဦးလွင်မြို့နယ်တို့နှင့် ထိစပ်လျှက်ရှိသည်။ နောင်ချိုမြို့နယ်သည် ကုန်းမြင့်ဒေသတွင် တည်ရှိပြီး တောင်ပေါ်ကုန်းမြင့်ပိုင်းနှင့် မြောက်ဘက်ချိုင့်ဝှမ်းမြေနိမ့်ပိုင်း ဟူ၍ ၂ ပိုင်း ရှိပါသည်။ နောင်ချိုမြို့နယ်သည် ရေဆင်းနှင့် ရေအရင်းအမြစ် မရှိပါ။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၂၇၅၀ ပေ အထက်တွင် တည်ရှိပါသည်။ ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၂.၃ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါသည်။ နောင်ချိုမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ နောင်ချိုမြို့နယ်သည် မန္တလေး-လားရှိုး လမ်းမကြီးပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိက သီးနှံမှာ ပြောင်းသီးနှံနှင့် ကြံသီးနှံတို့ဖြစ်သည်။ နောင်ချိုမြို့နယ်မှ ဂုတ်ထိပ်တံတားသည် အထူးထင်ရှားပါသည်။

Attractions in နောင်ချို