"ဒဂုံမြို့သစ်မြောက်ပိုင်း"

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်သည် ရပ်ကွက် ၂၇ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၉၈၇၄၃ ကျော်နေထိုင်ပါသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၏ အရှေ့ဘက်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မြောက်ဥက္ကလာပမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မြို့နယ်အတွင်း ငမိုးရိပ်ချောင်းသည် မြောက်မှ အနောက်နှင့်တောင်သို့ ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ ငမိုးရိပ်ချောင်းသည် ပင်လယ်ဒီရေတက်ချိန်တွင် သဲတင်စက်လှေများလည်း သွားလာနိုင်သော ချောင်းဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ရန်ကုန်မြို့တော်အား အဝန်းအဝိုင်း ကောင်းမွန်စေရေးအတွက် တိုးချဲ့မြို့သစ်များ ဖွဲ့စည်းတည်ဆောက်ခဲ့ရာ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၈.၁၁.၁၉၈၉)ရက်စွဲပါ အမိန့် ပြန်တမ်းဖြင့် ဒဂုံမြို့သစ်လည်းကောင်း၊ (၄.၁၀.၁၉၉၀) ရက်နေ့တွင် ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏(၁၉.၈.၁၉၉၄)ရက်စွဲပါ အမိန့်ပြန်တမ်းဖြင့်ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အဖြစ် ဒဂုံ ၄ မြို့နယ်ဖွဲ့စည်းခဲ့ရာမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဖြစ်ပေါ်လာသည်။

Attractions in ဒဂုံမြို့သစ်မြောက်ပိုင်း