"ဟိုပန်"

ဟိုပန်မြို့နယ်သည် ‘ဝ’ အထူးအဒေသတွင် ပါဝင်ပြီး မြို့ ၂ မြို့၊ ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၁၇ စု၊ ကျေးရွာပေါင်း ၇၇ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၂၇၀၀၀ ကျော် နေထိုင်ပါသည်။ ဟိုပန်မြို့နယ်သည် ၅၅၆.၆၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် မိုင်းမောမြို့နယ်၊ အနောက်ဘက်တွင် ကွမ်းလုံမြို့နယ်၊ သိန်းနီမြို့နယ်၊ မြောက်ဘက်တွင် လောက်ကိုင်မြို့နယ်၊ တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ဟိုပန်မြို့နယ်သည် တောင်ကုန်း တောင်တန်းများ ထူထပ်ပေါများပြီး လွင်ပြင်ဒေသအနည်းငယ်သာ ရှိသည်။ ဟိုပန်မြို့နယ်တွင် မြစ်ချောင်းများ နည်းပါးပြီး မြစ်ချောင်းများသည် အရှေ့မှအနောက်သို့ စီးဆင်းလျှက်ရှိသည်။ ထင်ရှားသောချောင်းမှာ နမ့်ဆောင်ချောင်းဖြစ်ပြီး ဟိုပန်မြို့ အနီးမှဖြတ်၍ အရှေ့မှအနောက်သို့ စီးဆင်းပါသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အဖြစ် အသုံးပြုနိုင်ပါသည်။ မြစ်ချောင်းများတွင် သင်္ဘောများ၊ စက်လှေများ သွားလာအသုံးပြုခြင်း မရှိပါ။ ဟိုပန်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၃၃၉ ပေအထက်တွင် တည်ရှိသည်။ ဟိုပန်မြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉˚C ဖြစ်သည်။ ဟိုပန်မြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ် တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ဟိုပန်မြို့နယ်သည် ပြည်ထောင်စု လမ်းမကြီး၏ အတွင်းဘက်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ မြို့နယ်၏ အဓိက ထွက်ကုန်မှာ ရာဘာဖြစ်ပါသည်။

Attractions in ဟိုပန်