ကျောက်ဖြူလေဆိပ်

Listing Description

ကျောက်ဖြူလေဆိပ်သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နှင့် မြန်မာပြည် အရပ်ရပ်ကို ဆက်သွယ်သော အဓိက လေဆိပ်ဖြစ်သည်။ ကျောက်ဖြူမြို့ အစိုးရရပ်ကွက် ဗိုလ်ငမောက်လမ်းအနီးတွင် တည်ရှိသည်။ ဒုတိယကမ္ဘာစစ် အတွင်း အလျားပေ ၂၅၀၀  ရှည် သံပြားပေါက်ခင်း လေယာဉ်ပြေးလမ်းအဖြစ် စတင်တည် ဆေက်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ထိုအချိန် ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန၊ မြို့ပြ လေကြောင်းဌာနက အလျားပေ ၄၆၂၀ ၊ အကျယ်ပေ ၁၀၀ ရှိ ကျောက်ကတ္တရာခင်း လေယာဉ်ပြေးလမ်းအဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်။ မူလ ဒါကိုတာ လေယာဉ်များ ဆင်းသက်ခဲ့ပြီး ၁၉၅၈ ခုနှစ် နောက်ပိုင်းတွင် Fokker F-27 လေယာဉ်များ ပြေးဆွဲခဲ့သည်။ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် လေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားနေရာနှင့် လေယာဉ်အဝင်လမ်းတို့ကို ကျောက်ကတ္တရာဖြင့် မျက်နှာပြင်ညှိလွှာ ခင်းခြင်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် လေယာဉ်ပြေးလမ်းကို ထပ်ပိုးလွှာ (၃)လက်မ တင်ခဲ့ပြီး ATR-42 နှင့် ATR-72-500 လေယာဉ်များ ဆင်းသက်နိုင်ခဲ့သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လေယာဉ်ပြေးလမ်း အလျားပေ ၄၆၂၀ ကို ပေ ၇၅၀၀ အထိ ရရှိရန် တောင်ဘက်သို့ တိုးချဲ့တည်ဆောက်ခဲ့ပြီး ATR-72-600 လေယာဉ်များ ဆင်းသက်နိုင်ခဲ့သည်။