မင်းပြင် မိုးလေဝသတိုင်းထွာရေးရေဒါစခန်း

Listing Description

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ၁၆ မိုင်ကွာဝေးသည့် မင်ပြင်ရွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေဒါ စခန်းဖြစ်သည်။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်း စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ စခန်းတွင် တပ်ဆင်ထားသော ရေဒါများသည် တိမ်များ၏ရွေ့လျားမှု လမ်းကြောင်းနှင့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေကို အဓိကဖော်ပြပေးနိုင်သည်ဟု သိရသည်။