"ဘူးသီးတောင်"

ဘူးသီးတောင်မြို့နယ်သည် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၇၈ စု၊ ကျေးရွာပေါင်း ၃၃၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၀၆၁၅၃ ကျော်နေထိုင်ပါသည်။ ဘူးသီးတောင်မြို့နယ်တွင်ပါ၀င်သော မြို့များသည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၁၁ ပေကျော် အမြင့်တွင် တည်ရှိပါသည်။ ဘူးသီးတောင်မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၃ မိုင်ခန့် ကျယ်၀န်း ပြီးတောင်မှ မြောက်သို့ ၅၄ မိုင်ခန့်ရှည်လျားကာ ဧရိယာစတုရန်းမိုင် ပေါင်း ၇၈၀ ရှိပြီးဧကအားဖြင့် ၄၉၉၁၉၁ ဧကကျယ်၀န်းပါသည်။ ဘူးသီးတောင်မြို့နယ်၏ အရှေ့ဘက်တွင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အနောက်ဘက်တွင် မောင်တောမြို့နယ်၊ တောင်ဘက်တွင် ရသေ့တောင်မြို့နယ်နှင့် မြောက်ဘက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြို့နယ်မြေမျက်နှာသွင်ပြင်အနေထားမှာ မြောက်ဘက်တွင်မြင့်၍ တောင်ကုန်းပေါများပါသည်။ တောင်ဘက်တွင်တောင်ကုန်းငယ်များအ နည်းငယ်သာရှိပြီး ညီညာပြန့်ပြူးသော လွင်ပြင်ရှိပါသည်။ အရှေ့ဘက် မြို့နယ်ခြားအစပ်တွင် စိုင်းတင်တောင်တန်းကြီးနှင့် အနောက်ဘက်မြို့နယ်ခြားအစပ်တွင် မေယုတောင်တန်းကြီးများ တောင်နှင့် မြောက်သွယ် တန်းလျက်ရှိပါသည်။ မြစ်ချောင်းများပေါများသည့်ဒေသ တစ်ခုဖြစ်ပြီး ထင်ရှားသော မြစ်များမှာ မေယုမြစ်ဖြစ်ပြီး မြောက်မှတောင်သို့စီး ဆင်းလျှက်ရှိပါသည်။ မေယုမြစ်သည်နွေရာသီတွင် အနက်ပေ ၃၀ ရှိပါသဖြင့် သင်္ဘော၊စက် လှေများသွားလာနိုင်ပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ စိုင်းဒင်တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၂၅ ပေ မြင့်ပါသည်။

ဒေသသမိုင်းအကျဉ်း

ဘူးသီးတောင်မြို့နယ်သည် ရှေးဘုရင်များ နေထိုင်ခဲ့သောမြို့မဟုတ်ခဲ့ပါ။ သို့သော်လည်း ရှေးရခိုင်ဘုရင်များ ပိုင်းဖြတ်သတ်မှတ်ခဲ့သော နယ်မြေများအနက် မောရဝတီပိုင်မြေတွင် ကျရောက်ခဲ့ပါသည်။ မြို့ဟု မသတ်မှတ်ခင်က ရွာအမည်ဖြင့် တည်ရှိခဲ့ပါသည်။ ယခုရွာမရွာ၏ အနောက်ဘက် မိုင်ဝက်ခန့်အကွာတွင် ယခင်ရွာမရှိပါသည်။ ၁၉၀၇ ခုနှစ်ခန့်တွင် ကြာညိုပြင်မှ သူဌေးဆွေမျိုးများက ယခုလမ်းမ ဘုန်းတော် ကြီးကျောင်းအနီးတွင် အခြေချနေထိုင်ခဲ့ကြသည်။ ယင်းနေရာသို့အခြားရွာ များမှလည်းလာရောက်နေထိုင်လာကြသဖြင့်နေထိုင်သူများလာသည်နှင့် အမျှ လူသွားလမ်းများ ၊ ဈေးများ၊ စက်လှေဆိပ်များဖြစ်လာသဖြင့်  ၁၉၀၈ ခုနှစ်၊ဒီဇင်ဘာ ၂၉ ရက်တွင် မြို့အဖြစ်သတ်မှတ်ခဲ့ပါသည်။ သိုက်သမိုင်းအရ ရွှေဘူးသီးရှိသည်ဟူသော တောင်ချေဝန်းကျင်တွင် အခြေချ နေထိုင်လာသဖြင့် မြို့အမည် ဘူးသီးတောင်ဟု ခေါ်တွင်ခဲ့ပါသည်။ မြို့ကွက် ပုံစံများပြုလုပ်လာသည့်အခါ မြို့မရပ်ကွက်ကို မြို့မရပ်ကွက်ဟု ခေါ်တွင် ပြီး မြို့မရပ်ကွက်ကို အခြေပြုကာ မြို့သစ်တိုးချဲ့လာသော ရပ်ကွက်ကို မြို့သစ်ရပ်ကွက်ဟုခေါ်တွင်ခဲ့ပါသည်။ ယခုမြို့သစ်၊ မြို့သစ်တောင်ရပ်ကွက် များ၏ အနောက်ဘက်တွင် သပြေပင်များပေါက်ရောက် လျှက်ရှိသော တောင်ကုန်းအနီး လူနေရပ်ကွက်ကို သပြေကုန်းဟုခေါ်တွင်ခဲ့ပါသည်။ မြို့၏တောင်ဘက်ကုန်းတွင် (ရခိုင်အခေါ်အဝေါ်)  တောင်ချေတွင်ရှိသော လူနေရပ်ကွက်ကို တောင်ချေရပ်ကွက်ဟုခေါ်ပါသည်။  ၁၉၁၈ ခုနှစ်စ၍ အာရကန်ဖလော်ရီတာကုမ္ပဏီမှ ဘူးသီးတောင် - မောင်တော မီးရထား လမ်းပြေးဆွဲခဲ့ပါသည်။ မီးရထားဘူတာရုံတည်ရှိရာ ဝန်းကျင်နေထိုင်ခဲ့သော လူနေရပ်ကွက်ကို မီးရထားဆိပ်ရပ်ကွက်ဟု ခေါ်တွင်ခဲ့ပါသည်။ သင်္ဘောဆိပ်လည်းရှိသဖြင့် သင်္ဘောဆိုက်ကပ်ခဲ့ရာ လွတ်လပ်ရေးရပြီး နောက်ပိုင်း သင်္ဘောဆိပ်ရပ်ကွက်ဟု ခေါ်ပါသည်။ . ယခုမီးရထားဆိပ် ရပ်ကွက်ဖြစ်ပါသည်။အနောက်ရပ်ကွက်တွင် ဘင်္ဂလီလူမျိုးများမရှိသေးပါ။ ၁၉၄၁-၄၂ ခုနှစ်မတိုင်မီ ဘူးသီးတောင်မြို့ မြို့မဈေးမှာ မြို့မရပ်ကွက်တွင် ရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် မြို့သစ်ရပ်ကွက် လက်ရှိ နေရာသို့ပြောင်းရွှေ့ တည်ဆောက်ခဲ့ပါသည်။ မြို့စတင်တည်စတွင် သင်္ဘောဆိပ်ကိုမြို့မရပ်ကွက်၊ ယခုဖောင်တော်ဟောင်းတွင် ပြုလုပ်ခဲ့ပါ သည်။ ၁၉၁၇ ခုနှစ်ခန့်တွင် သင်္ဘောဆိပ်ရပ်ကွက်သို့ပြောင်းရွှေ့ခဲ့ပါသည်။

 ၁၉၄၂ ခုနှစ်မတိုင်မီဝန်းကျင်ကာလအတွင်းကျေးရွာအုပ်စု  ၆၇ အုပ်စုသာ ရှိခဲ့ပါသည်။ ရွာသိမ်ရွာငယ်ပေါင်းမှာ ရခိုင်ရွာ ၁၉၇ ရွာ၊ ဒိုင်းနက် ၃၆ ရွာ၊ ခမီး ၈၁ ရွာ၊မြို ၁၀ ရွာနှင့်ကုလား ၄၂ ရွာရှိပါသည်။ ၁၉၄၂ ခုနှစ် ကုလား ရခိုင်အဓိကရုဏ်းနောက်ပိုင်း ဒုတိယကမ္ဘာစစ်အပြီး တိုင်းရင်းသားများ ပြန်လည်ရောက်ရှိနေထိုင်ခြင်းမရှိသော တိုင်းရင်းသားရွာ ၃၅ ရွာတွင် ဘင်္ဂလီကုလားများ ဝင်ရောက်နေထိုင်လာကြပါသည်။ ယခုလက်ရှိအခြေ အနေမှာ ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၈ အုပ်စုနှင့် ရွာသိမ်၊ ရွာငယ်ပေါင်း ၃၃၉ ရွာရှိပါသည်။ ကျေးရွာအုပ်စုများအနက် ရခိုင်၊ ဗမာ၊ခမီးစသည့်တိုင်းရင်းသားသက်သက်နေထိုင်သောအုပ်စု ၂၀ သာရှိပါသည်။ ကျန်ကျေးရွာအုပ်စုများတွင် တိုင်းရင်းသားအနည်းငယ်စီသာ ရွာသိမ်၊ ရွာငယ်များအဖြစ် နေထိုင်လျှက်ရှိပါသည်။ ၁၉၈၈ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကာလ ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့တွင်သပြေကုန်းရပ်ကွက်နှင့်တောင်ရပ်ကွက်များအား တိုးချဲ့ကာ အိမ်ယာကွက်သစ်များ နေရာချထားခဲ့ပါသည်။ ၁၉၉၂ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်ခရိုင်မြို့အဖြစ်သတ်မှတ်ခဲ့ပါသည်။ကျေးရွာသစ်များအဖြစ် ၁၉၉၁ခုနှစ်တွင် သပြေတောင်ရွာ၊ ဒုံးသိမ်ရွာနှင့်  နတလ  စံပြရွာအဖြစ် ကထီးလှရွာနှင့် ကျောက်စာတိုင်ရွာများကို တည်ထောင်ခဲ့ပါသည်။ ၎င်းနောက်၁၉၉၄ခုနှစ်တွင် ဝါးခုတ် ချောင်း နတလ  စံပြရွာနှင့် ဂန္ဓမာ  နတလ ၊စံပြရွာ၊ ၂၀၀၀ပြည့်နှစ်တွင် အင်ကြင်းမြိုင် နတလ  စံပြရွာ၊ ၂၀၁၀ ပြည့်နှစ်တွင် ကံ့ကော်မြိုင် နတလ  များကို တည်ထောင်ခဲ့ပါသည်။ ထို့အပြင်ဘူးသီးတောင်-ကျဉ်တောက်ကား လမ်း ၄ မိုင် ၆ ဖာလုံ ၊ ဘူးသီးတောင်-ငါးရန့်ချောင်း ၁၀ မိုင် ၂ ဖာလုံ ၊ ဘူးသီးတောင်-ငူမော်  ၂၂မိုင် ၅ ဖာလုံ၊ ၅သံကြိုး  လမ်းများဖောက်လုပ်ပြီး၊ ဘူးသီးတောင် - ကျောက်တော်မြေပြန့်  ၉  မိုင်ခန့်ကိုလည်းဖောက်လုပ်ခဲ့ပါသည်။

Attractions in ဘူးသီးတောင်