"သံတောင်ကြီး"

သံတောင်ကြီးမြို့နယ်တွင် ရပ်ကွက် ၁၉၊ ကျေးရွာအုပ်စု ၅၉၊ ကျေးရွာပေါင်း ၃၄၁ ရွာ ပါဝင်ပြီး စုစုပေါင်းလူဦးရေမှာ ၉၁၄၀၀ ကျော် နေထိုင်ပါသည်။ သံတောင်ကြီးမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၄.၅ မိုင်၊ တောင်မှမြောက်သို့ ၅၈ မိုင် ရှည်လျားပါသည်။ မြို့နယ်ဧရိယာမှာ ၁၄၁၂.၈၉၀ စတုရန်းမိုင်ကျယ်ဝန်းသည်။ သံတောင်ကြီးမြို့နယ်၏အရှေ့ဘက်တွင် ဖရူဆိုမြို့နယ်နှင့် ဖားဆောင်းမြို့နယ်၊ တောင်ဘက်တွင် ကျောက်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်၊ အနောက်ဘက်တွင် တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်၊ မြောက်ဘက်တွင် နေပြည်တော်ကောင်စီ၊ ပျဉ်းမနား၊ ဖယ်ခုံမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ တောင်ကုန်း လျှိုမြောင်များ ထူထပ်ပေါများပြီး တောင်တန်းများမှာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။ သောက်ရေခပ်ချောင်းမှာ ထင်ရှားပြီး မြောက်မှတောင်သို့ စီးဆင်းကာ တောင်ငူမြို့အနီး စစ်တောင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ရေအများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေများ အသုံးပြုနိုင်သည်။ ပသိချောင်းသည် သံတောင်ကြီးမြို့နယ်တွင် ထင်ရှားသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ အထက်တွင် တည်ရှိသည်။ နော်ဘူဘောတောင် (၄၈၂၄ပေ) သည် အမြင့်ဆုံးတောင်ဖြစ်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၂၉ ˚C ဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ကုန်းလမ်းဖြင့်ဆက်သွယ်သော လမ်းများသာရှိပြီး တောင်ငူ-သံတောင်-သံတောင်ကြီးလမ်းသည် သံတောင်ကြီးမြို့တွင် လမ်းဆုံးသည်။ မြို့နယ်၏ အဓိက ထွက်ကုန်များမှာ ဖာလာ၊ ကော်ဖီ၊ လက်ဖက်၊ ကွမ်းသီး၊ ရာဘာနှင့် ဒူးရင်းတို့ ဖြစ်ကြသည်။ သံတောင်ကြီးမြို့နယ်မှ နော်ဘူဘောဆုတောင်းတောင်မှာ လာရောက်လည်ပတ်သူ များပြားသည်။

Attractions in သံတောင်ကြီး