သာသနာ၂၅၀၀မော်ကွန်းစေတီတော်

Listing Description

ကျောက်ဖြူမြို့၏အနောက်ဘက် နှစ်မိုင်ခန့်အကွာ ငကျားမော် ပင်လယ်မော်စွန်း (Geogia Point) ပင်လယ်ကမ်းခြေအနီး၊ စေတီယျတောင်တန်း၏ တောင်မော်ဦးတွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ခရစ်နှစ် ၁၉၆၅ ခုနှစ်၊ မေလ ၂၅ ရက်)တွင် ကျောက်ဖြူမြို့ နဂါးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒ၊ စေတီယ(ကုမ္ပဏီစဈီး) ကျေးရွာ ကျောင်တိုက်ဆရာတော် ဘဒ္ဒန္တသာကေတတို့အား အမှူးထားလျက် ကျောက်ဖြူမြို့သူမြို့သားတို့က ဗုဒ္ဓသာသနာတော်နှစ် ၂၅၀၀ ပြည့်မြောက်သောအထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်၏ပုံသဏ္ဌာန်သည် မဇ္ဈိမဒေသ ဗုဒ္ဓဂါယာမှ သီရိဓမ္မာသောကမင်းကြီး ကုသိုလ်တော် မဟာဗောဓိစေတီတော်ပုံစံဖြစ်ပြီး ပလ္လင်ခုံလေးဖက်လေးတန်တွင် ပုံတူစေတီတော်ငယ်လေးဆူရှိသည်။ ပင်မစေတီတော်တွင် အရပ်လေးမျက်နှာ၌ မုခ်တစ်ခုစီပါဝင်ပြီး ထိုမုခ်တစ်ခုစီထဲတွင် ထိုင်တော်မူ ဘူမိဖဿမုဒြာ ဗုဒ္ဓဆင်းတုတော်ငယ်အဆူ ၂၅၀၀ ကျော်သီတင်းသုံးပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်ပွဲတော်နှင့်အတူ စည်ကားစွာ ကျင်းပပါသည်။