ကျောက်ဖြူမြို့၌ ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေး

Listing Description

ကျောက်ဖြူ   နိုဝင်ဘာ   ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို      မြန်မာတစ်နိုင်ငံလုံး၌  ဆန္ဒမဲများပေးလျက်ရှိရာ ကျောက်ဖြူမြို့ပေါ် ရပ်ကွက် ငါးရပ်ကွက်၊ စနဲမြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စုတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ တစ်ပြိုင်တည်း ပြည်သူများ    စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲများပေးကြသည်။

ဆောင်ရွက်ပေးခဲ့

ထိုသို့     ဆောင်ရွက်လျက်ရှိရာတွင် ရှေးဦးစွာ မဲရုံမှူးမှမဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး မဲပုံးများအလွတ်ဖြစ်ကြောင်း မဲဆန္ဒရှင်များ ရှေ့တွင်ပြသကာ     မဲပုံးကို  လုံခြုံရေးကြိုးများ ချည်နှောင်ခဲ့သည်။ ယင်းနောက် မဲဆန္ဒရှင်များ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကာ ကိုဗစ်-၁၉ ရောဂါ   ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် Social Distancing နှင့်အညီ တစ်ဦးနှင့်တစ်ဦး သတ်မှတ်နေရာများတွင် နေထိုင်စေခြင်း၊ ပါးစပ်နှာခေါင်းစည်းများနှင့်  မျက်နှာအကာများ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုစနစ်တကျ ဆေးကြောစေခြင်း တို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေး ခဲ့သည်။

ကျောက်ဖြူမြို့၌     မြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက်၊ စနဲမြို့ပေါ်ရပ်ကွက် ငါးရပ်ကွက် နှင့် ဂုံချွိန်အုပ်စု၊ စစ်တောအုပ်စု၊ အဝတောင် အုပ်စုတို့၌ မဲရုံစုစုပေါင်း ၃၉ ရုံ၌ မဲဆန္ဒရှင် ၃၃၀၀၀ တို့က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ တို့၏ မဲရုံများ၌ မဲပေးကြသည်။

ခရိုင်(ပြန်/ဆက်)