"မြောင်"

မြောင်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၄၈ စု၊ ကျေးရွာပေါင်း ၅၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၁၅၃၀၉ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၁၇၄.၁၇ စတုရန်းမိုင်ရှိပါသည်။ မြောင်မြို့နယ်သည် အများအားဖြင့် မြေပြန့်လွင်ပြင်များဖြစ်ပြီး အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အနောက် ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ တောင်ဘက်တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တို့ တည်ရှိပါသည်။

မြောင်မြို့နယ်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါင်းစုံရာ ဒေသ၏ မြောက်ဘက်အရပ်တွင် တည်ရှိပါသည်။ မိုးရာသီ ရေတက်ချိန်တွင် မြို့နယ်၏ (၃)ပုံ (၁)ပုံမှာ ရေဝင်ဒေသဖြစ်ပြီး မြစ်ရေများ ဝင်ရောက်ပါသည်။ မြို့နယ်တွင်း အမြင့်ဆုံး တောင်ထိပ်မှာ ဆင်ဂေါင်းတောင်ဖြစ်ပြီး အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ (၁၅၀)ပေ ရှိပါသည်။ မြောင်မြို့နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ ပန်းညိုကျေးရွာ နှင့် မြစ်ဆုံကျေးရွာတို့ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ကောဇာသက္ကရာဇ်(၄၅၄)ခုနှစ်တွင် ပုဂံထီးနန်းစိုးစံခဲ့သော အလောင်းစည်သူမင်းကြီးသည် ဧရာ၀တီမြစ်အတိုင်း ပုဂံမြို့မှ ဖောင်တော်ဖြင့် ဆန်တက်လာရာ ယခုအခါ "မြောင်"သို့ ခေါ်သော ကျေးရွာဆိပ်ကမ်းသို့ အရောက်တွင် မင်းကြီး၏ သစ်ကနက်ဖောင်သည် မဆန်လိုဘဲ ဖင့်နွှဲရပ်တန့်နေပါသည်။ ဤကဲ့သို့ မဖြစ်စဘူး ထူးကဲလှ သည့် ဖြစ်ရပ်အား ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့အား မေးမြန်းလျှောက်တင်ခဲ့ရာ ခင်ဦးနှင့် ခင်လတ်တို့သည် ဆိပ်ကမ်းသာ၌ ခေါင်းလျော်၊ ခေါင်းဖီးရာမှ ကျွတ်လွတ်လာသည့် ဆံချည်ထွေးများ သည် သစ်ကနက် ဖောင်တော်အား ငြိတွယ်ခဲ့သဖြင့် ဖောင်တော် အသွားဖင့်နွဲ့ ... ရခြင်းဖြစ်ပါကြောင်း၊ ဤသူဌေး .. သမီးနှစ်ဦးသည် မိန်းမမြတ်အင်္ဂါရပ်နှင့် ညီညွတ်သည်ဖြစ်ကြောင်း လျှောက်တင်ချက် အရ မင်းကြီးသည် ဤအရပ်ဒေသ၌ ဖောင်တော်ကို "မြှောင်"၍ ကပ်စေဟု မိန့်တော်မူချက်အရ "မြှောင်"ဟု ခေါ်တွင်ရာမှ "မြောင်"ဟု ခေါ်တွင်နေခြင်းဖြစ်သည်ဟု အဆိုရှိခဲ့ပါသည်။ ယခင်ကမြောင်သည် ကျေးရွာကြီးတစ်ရွာသာဖြစ်ပြီး သူကြီးအုပ်ချုပ်သော ကျေးရွာဖြစ်ပါ သည်။ ၁၂၅၃ ခုနှစ်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်တိုက်နယ်ခွဲရှိ မြို့ပိုင်ရုံးကို မြောင်သို့ ပြောင်းရွှေ့လာသည့်အတွက် မြောင်မြို့ဟု ခေါ်တွင်လာခဲ့ပါသည်။ မြောင်မြို့ကို သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် တည်ခဲ့ပြီး မြို့တည် သက္ကရာဇ်ကို သောသောကျော်အီ၊ မြောင်မြို့တည် ဟုအဆိုရှိခဲ့ပါသည်။ရှေးအခါက မြောင်ရွာကြီးတွင် တောင်ရွာ၊ မြောက်ရွာဟူ၍ ရပ်ကွက်ကြီး(၂)ခု ရှိခဲ့ရာမှ ယခုအခါ မြောက်ရပ်၊ အလယ်ရပ်၊ တောင်ရပ်၊ မြို့သစ်ရပ်ဟူ၍ ရပ်ကွက် ၄ ရပ်ကွက်ဖြင့် ဖွဲ့စည်း တည်ရှိ ပါသည်။

Attractions in မြောင်