"ပေါင်းတည်"

ပေါင်းတည်မြို့နယ်သည် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၄၄ စု၊ ကျေးရွာပေါင်း ၂၄၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၃၈၉၈၁ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာ အကျယ်အဝန်း ၃၅၈.၆၅ စတုရန်းမိုင် ရှိသည်။ ပေါင်းတည်မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် နတ်တလင်းမြို့နယ်၊ အနောက်ဘက်တွင် သဲကုန်းမြို့နယ်၊ မြောက်ဘက်တွင် ပေါက်ခေါင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ ပေါင်းတည်မြို့နယ်သည် မြောက်ဘက်ခြမ်းတွင် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၅၇၂ ရှိ တောင်ကုန်းတောင်စွယ်များရှိပြီး တောင်ဘက် ခြမ်းတွင် မြေပြန့်လွင်ပြင်များ ဖြစ်ပါသည်။ မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချောင်း များမှာ ဝဲကြီးချောင်း (အရှည် ၂၅ မိုင်) နှင့် လှေဆိုင်ချောင်း (အရှည် ၁၆ မိုင်) တို့ဖြစ်ပြီး ပေါင်းတည်မြို့နယ်မှ နတ်တလင်းမြို့နယ်သို့ ဖြတ်သန်း စီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ပေါင်းတည်မြို့နယ်သည် ဒွတ္တဘောင်မင်း (၁၀၁-၁၀၇) ခုနှစ်၌ သရေခေတ္တရာမြို့ကိုတည်ထားပြီးနောက် ကင်းမြို့ (၇) မြို့တည်ထားခဲ့ရာ တွင် ကျွန်းပင်ချောင်း၊ ရွှေလေးချောင်း၊ လှေဆိုင်ချောင်း၊ တောင်ညို ချောင်း၊ (၄) ချောင်းကိုမီ၍ နေထိုင်ကြသော ပျူလူမျိုးတို့ အပေါ်တွင် အကြီးအမှူးဦးစီးခေါင်းဆောင်ခန့်ထား၍ အုပ်ချုပ်သူများ အတည်တကျ နေနိုင်ရန်အတွက်ပျူအိမ်ထောင်စုများကို ခွဲထုတ်စုပေါင်းတည်ထားမှုကို အကြောင်းပြု၍ ပေါင်းတည်မြို့ဟုခေါ်တွင်ခဲ့ပါသည်။

Attractions in ပေါင်းတည်